အနုပညာသတင်း ပြည်တွင်းသတင်း

တတိယရင်သွေးလေးမွေးမွေးပြီးချင်းမှာဘဲဆုံးပါးသွားတဲ့အတွက် ယူကြုံးမရဝမ်းနည်းနေတဲ့ မေထွဋ်ခေါင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မေထွဋ်ခေါင်ကတော့ တတိယမြောက်သားလေးကို ယနေ့ညနေပိုင်း အချိန်မှာပဲဆုံးရှုံးလိုက်ရပါပြီ။

သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားနိူင်တဲ့ မေထွဋ်ခေါင်က ခင်ပွန်းသည်ရဲ့ ဂရုစိုက်အလိုလိုက်မှုကို ရရှိထားကိုလည်း တွေ့ရပါတယ်။

သမီးလေးနဲ့ သားသားလေးကို မွေးဖွားထားတဲ့မေထွဋ်ခေါင်ဟာဆိုရင် နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရတာပါ။

မေထွဋ်ခေါင်ရဲ့ တတိယမြောက်ရင်သွေးလေးက ၇လထဲနဲ့ ရေမွှာအိပ်ပေါက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကဆေးရုံတင်လိုက်ရတာဖြစ်လို့ မကြာသေးတဲ့နာရီပိုင်း အချိန်ကမှ သူမရဲ့ လူမှုကွန်ယက်ထက်မှာ စာလေးတစ်ကြောင်းတင်ပေးလာခဲ့ပါတယ်။

ဒါကတော့ ” ဗိုက်ထဲက သားလေးဆုံးသွားပါပြီ ” ဆိုတဲ့ ဝမ်းနည်ကြေကွဲစရာစာသားလေးပါ။

ဝမ်းနည်းရတဲ့ အချိန်ကာလဖြစ်တာကြောင့် မေထွဋ်ခေါင်တစ်ယောက်အတော်လေး စိတ်ထိခိုက်နေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ သိရှိစေဖို့အတွက် အဆိုပါ စာသားလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ပရိသတ်တွေကလည်း မေထွဋ်ခေါင်အတွက် Commentမှာ အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါအုန်းနော်… ။