ကူးစက်မြန် ဗီဇပြောင်းကိုဗစ်ပိုး အမေရိကန်သို့ ရောက်ရှိခြင်းနှင့် သတိထားရတော့မယ့် မြန်မာပြည်
ပိုကူးစက်လွယ်တဲ့ ကိုဗစ်ဗီဇကွဲအသစ်ကို အမေရိကန်နိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ ယူကေနိုင်ငံမှာ စတွေ့ခဲ့တဲ့ B117 ဗီဇကွဲအသစ်ဟာ အခုအခါမှာ ကနေဒါမှာလည်း တွေ့ရှိထားပြီး ဥရောပနိုင်ငံအချို့မှာလည်း တွေ့ရှိခဲ့ပါတယ်။
အမေရိကန် ကော်လိုရာဒို ပြည်နယ်ရှိ အသက် ၂၀ ကျော်အရွယ် ယောက်ျားလေးတစ်ယောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးတွေ့ရှိမှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုတွေ့နိုင်ပါတယ်။ အခုတွေ့တဲ့တစ်ယောက်ဟာ ခရီးသွားရာဇဝင်မရှိဘူးလို့ ဆိုပါတယ်။
ဒါမျိုး ခရီးသွားရာဇဝင်မရှိသူမှာ တွေ့ရင် ကြောက်ရပါတယ်။ လူထုအတွင်း Community transmission စတင်နေတဲ့သဘောဖြစ်နေပါပြီ။
အခုရောဂါတွေ့ရှိသူကို လူတွေနဲ့မတွေ့အောင် သေချာခွဲထုတ်ထားပြီး သူနဲ့ထိတွေ့ထားသူတွေကို contact trancing လိုက်နေပါတယ်။
ကျနော် တစ်ခုထည့်ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်မှာ ကူးစက်လွယ်တဲ့ ရောဂါအသစ်စတွေ့ပြီဆိုတာနဲ့ အခု လောလောလတ်လတ်မှ ရောက်လာတယ်လို့ မယူဆအပ်ပါ။
လွန်ခဲ့တဲ့ ၂ ပတ်ကနေ ၁ လအတွင်းရောက်နေတာ ပိုဖြစ်ဖို့များပါတယ်။
စင်ကာပူမှာတွေ့တဲ့ case ဆိုရင် ဒီဇင်ဘာလဆန်း ကတည်းက ရောက်နေသူကို hotel Q ဝင်ရင်း စစ်လို့တွေ့တာပါ။
အကယ်လို့ နိုင်ငံထဲဝင်ရောက်သွားရင် ဆက်လက်မကူးစက်အောင် ထိန်းလို့မလွယ်တော့ပါ။
နောက်တစ်လနှစ်လလောက်မှ ရောဂါရှိသူတွေတွေ့ရတာ အဆမတန်ထိုးတက်များပြားလာတတ် ပါတယ်။
မြန်မာပြည်မှာ ကိုဗစ် စမဖြစ်ခင်ကတည်းက ကျနော် အကြိမ်ကြိမ်ရေးဖူးပါတယ်။ ကိုဗစ်ဟာ သူများအိမ်က မီးပွားစနဲ့တူပါတယ်။
အပြင်ကမီးပွားကို ကိုယ့်အိမ်ဖက်မကူးအောင် နည်းမျိုးစုံနဲ့ ကြိုတင်လက်ဦးမှု ယူပြီး ကာကွယ် ရပါမယ်။
အပြင်မီးကို သေသေချာချာ မတင်းကြပ်မိပဲ ကိုယ့်အိမ်ထဲ အဝင်ခံမိလို့ကတော့ အတွင်းမီးက ငြိမ်းသတ်ရ အရမ်းခက်ခဲပါတယ်။
အတွင်းမီးဖြစ်သွားရင် ပိုမိုကူးစက်ပြန့်နှံ့လွယ်ပြီး ထိန်းလို့မနိုင် ဖြစ်တတ်ပါတယ်။ အခုပိုကူးစက်လွယ်တဲ့ ကိုဗစ်ဗီဇကွဲအသစ်အန္တရာယ်ကို နိုင်ငံအတော်များများက ကြိုတင်လက်ဦးမှုယူပြီး ကာကွယ်နေကြပါ့ပြီ။
အင်ဒိုနီးရှားက international visitors အဝင်ကို နှစ်ပတ်အရင်ဘန်းထားပါတယ်။ ဖိလစ်ပိုင်ကလည်း ပိုမိုတင်းကျပ်တဲ့ ခရီသွားဘန်းမှုတွေ လုပ်နေပါပြီ။
ဂျပန်ကလည်း ပြည်ပအဝင် Q ဝင်ရက်ကို ၂၁ ရက်အထိ တိုးမြှင့်ထားပါတယ်။
အားလုံးကိုဗစ်ကူးစက်မှုအန္တရာယ်ကကင်းဝေးကြပါစေ။
Richard Myo Thant