နိုင္ငံတကာသတင္း

ဖခင်ရဲ့နောက်ဆုံးအချိန်ထက် လူနာရဲ့အသက်ကိုကယ်ဖို့ရွေးခဲ့တဲ့ နှလုံးလှဆရာဝန်

အတ္တဟိတထက် ပရဟိတကို ပိုဦးစားပေးခဲ့တဲ့ နှလုံးလှဆရာဝန်တစ်ယောက်ရဲ့အကြောင်းဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ တစ်ဖက်မှာ ကိုယ်ချစ်ရတဲ့ မွေးဖခင်ရဲ့ နောက်ဆုံးအချိန်၊ တစ်ဖက်မှာက ကိုယ့်ရဲ့ Professional အလုပ်၊ ဒီလိုဝေခွဲရခက်တဲ့အခြေအနေမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ဒီအကြောင်းကိုတော့ Oriental Daily မှာဖော်ပြထားတာပါ။

နှလုံးလှဆရာဝန်ရဲ့ နာမည်ကတော့ Zhang Xinzhi ဖြစ်ပြီး အသက်ကတော့ (၅၅)နှစ်ပါ။ တရုတ်နိုင်ငံ၊ Anhui ပြည်နယ်ကပါ။ အသည်းအသန်နေမကောင်းဖြစ်နေပြီး နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ဖခင်ဆီကို Zhang တစ်ယောက် သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ခွဲစိတ်မှုတစ်ခုလုပ်ဖို့ လိုအပ်လို့ လာခဲ့ပါလို့ အကြောင်းကြားတာကို ခံခဲ့ရပါတယ်။ နောက်ဆုံးအချိန်ကိုရောက်နေတဲ့ ဖခင်ကလည်း သားဖြစ်သူကို နားလည်ပေးတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြီး လူနာဆီကို သွားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ခွဲခန်းထဲမှာ ခွဲစိတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဖခင်ဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ဒေါက်တာ Zhang ကတော့ Personal Feeling ကို ထိန်းချုပ်ပြီး ခွဲခန်းထဲမှာ တည်ငြိမ်စွာ ခွဲစိတ်ပေးခဲ့ပါတယ်။ (၂)နာရီကြာမြင့်ခဲ့တဲ့ ခွဲစိတ်မှုအပြီး ခွဲခန်းထဲကထွက်လာချိန်မှာတော့ မျက်ရည်တွေကျပြီး ငိုကြွေးခဲ့ပါတယ်။

Zhang ရဲ့ သတင်းဟာ ချက်ချင်းလိုပဲ ပျံ့နှံ့သွားပြီး ပြည်သူတွေက သူ့ကို ချီးကျူးပြောဆိုခဲ့ပေမယ့် Zhang ကတော့ တခြားဆရာဝန်တွေဆိုရင်လည်း သူ့နေရာမှာဆိုရင် ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဖခင်ဖြစ်သူအနေနဲ့ကလည်း သူ့ဟာ လူနာတွေအားထားရတဲ့ ဆရာဝန်တစ်ယောက်ဆိုတာကို သိတဲ့အတွက် နောက်ဆုံးအချိန်မှာ အနားမှာ နေမပေးနိုင်ခဲ့တာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါတယ်။

Unicode