သီရိလင်္ကာနိုင်ငံမှမြတ်စွာဘုရားဆံတော်ရှင်အစစ်ပါ အများပြည်သူအားလုံးဖူးမျှော်နိုင်အောင် မျှဝေပေးလိုက်ပါတယ်
သီရိလင်္ကာနိုင်ငံမှ မြတ်ဘုရား ၏ ဆံတော်ရှင်အစစ်ပါ။ ဖူးမြော်ကြည်ညို ကံထူးကံကောင်း နိုင်ကြပါစေ။အရွယ်သေးသော်လည်းအရေးကြွယ်သည့်ကျွန်းနိုင်ငံ ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လင်္ကာဒီပဟုထင်ရှားခဲ့သည့်ဂေါတမဘုရားရှင်ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓအယူဝါဒနေလိုလလိုထွန်းပခဲ့သောကျွန်း၊ ယွန်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့မြေမျက်နှာပြင်ရှိသည်။မဟာဝံသ၊ ဒီပဝံသေရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏သမိုင်းများကို ထိန်းသိမ်းလာခဲ့သည်။
သီဟိုဠ်ကျွန်းနှင့်ကျေးကုလားများ၊ ပါတူဂီနှင့်ဒတ်ချတို့နယ်ချဲ့ပုံ၊ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ်အရေးပါပုံတို့ကိုတင်ပြထားသည်။ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့်ဝိုင်းရံလျက်ရှိ၍စိမ်းစိုသာယာလှပသောရှုခင်းတို့ဖြင့်တင့်တယ်ရှုမောဖွယ်ရာဖြစ်သောသီဟိုဠ်ကျွန်းသည်ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။ဗုဒ္ဓဝင်မဟာဝင်စသည့်မြန်မာ့စာပေကျမ်းဂန်ကြီးများ၌ထင်ရှားပါရှိသောလင်္ကာဒီပခေါ်သီဟိုဠ်ကျွန်းအကြောင်းကိုဗုဒ္ဓအယူဝါဒမြန်မာလူမျိုးများအလွန်ကြားဖူးနားဝရှိနေကြလေသည်။
ဗုဒ္ဓဘာသာသည်နိုင်ငံတော်ဘာသာဖြစ်သည်။ထိုကျွန်းသည်ဗုဒ္ဓဝါဒီတို့သာမက အခြားအယူဝါဒီအမျိုးမျိုး၏လေးစားမြတ်နိုးခြင်းကိုခံယူရရှိသောကျွန်းဖြစ်သည်။ ဂေါတမဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလူနေကျွန်းမဟုတ်သေးသော်လည်းလင်္ကာဒီပကျွန်းတွင်နောင်အခါဗုဒ္ဓအယူဝါဒသည်ကောင်းစွာခိုင်ကျည်တည်တံ့လိမ့်မည်ဟုဗျာဒိတ်တော်ချမှတ်ကာဘုရားရှင်ကိုယ်တော်တိုင်သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ဗုဒ္ဓဝါဒီတို့သည်ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှုရှိကြလေသည်။
Unicode