အနုပညာသတင်း ပြည်တွင်းသတင်း

သူများအိမ်အောက်မှာ ကပ်နေရတဲ့ အဖွားနဲ့ လေဖြတ်နေတဲ့ အဖိုးတို့ကို တက်နိုင်သလောက်သွားရောက်ကူညီခဲ့တဲ့ သဉ္ဇာမြင့်မိုရ်

သဉ္ဇာမြင့်မိုရ်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၃၀)ရက်နေ့မှာတော့ သဉ္ဇာမြင့်မိုရ်က အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကိုဗစ်ကာလ အခက်အခဲတွေကြောင့် သူများအိမ်အောက်မှ ကပ်နေနေရတဲ့ အဖွားဒေါ်ပုထံသို့ ပရိသတ်တွေ စုပေါင်းပြီး လှူဒါန်းတဲ့ အလှူငွေတွေကို သွားရောက်လှူဒါန်းပေးခဲ့တာပါ။

အဖွားဒေါ်ပုအတွက် သွားရောက်လှူဒါန်းခဲ့တဲ့အပြင် နောက်ထပ်လေဖြတ်နေတဲ့ အဖိုးတစ်ယောက်ထံကိုလည်း သွားရောက်ပြီး အဖိုးအတွက် တက်နိုင်သလောက်ကိုလည်း အလှူဒါနပြုခဲ့ပါသေးတယ်။ သဉ္ဇာမြင့်မိုရ်ကတော့ အဖွားဒေါ်ပုရော လေဖြတ်နေတဲ့ အဖိုးကိုရော နှစ်ယောက်စလုံးကို ဘိုးဘွားရိပ်သာကိုပို့ဆောင်ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားဥိးမှာပါတဲ့။

သဉ္ဇာမြင့်မိုရ်ကတော့ ဒီနေ့သွားရောက်လှူဒါန်းတဲ့ သူ့ရဲ့လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးကြတဲ့ စေတနာရှင်အလှူရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ကိုလည်း အလှူလေးနဲ့ အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ သဉ္ဇာမြင့်မိုရ်နဲက သူ့ပရိသတ်တွေရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

unicode