အနုပညာသတင်း ပြည်တွင်းသတင်း

တေးသံရှင်စိုင်းဆိုင်မော့တစ်ယောက် ကျန်းမာရေးအခြေနေဆိုးရွာနေတဲ့အကြောင်း ပရိတ်သတ်ကိုပြောပြလာတဲ့ ဂျွန်လွင်

ချစ်ပရိသတ်ကြီးရေ

ဆရာ ဂျွန်လွင်ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေထွက်ပေါ်လာအောင်သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။

အရေးကြီးတဲ့ထိပ်တန်းအနုပညာပွဲတွေမှာလည်း ဆရာဂျွန်လွင်ဟာမပါမဖြစ်ပါဝင်ရသူတစ်ဦးဖြစ်ပြီး အကြင်နာထွန်းကားရေး နာမည်လေးနဲ့ လိုအပ်တဲ့နေရာတွေမှာ အစွမ်းကုန် လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “ရှမ်းပဲပုတ်လေးကျွန်တော်အဆိုတော်စိုင်းစိုင်မော့ကျမ်းမာရေးအမြန်ကောင်းပါစေ

အခက်ခဲများလဲပြေလည်ပါစေဆုတောင်းပေးကြပါ။အကြင်နာတရားထွန်းကားရေး”ဆိုတဲ့စာလေးနဲ့အဆိုတော် ကြီး စိုင်းဆိုင်မော်အတွက် ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့တာပါ။

တကယ့်ကို အဆိုမှာ အသံအေးအေးလေးနဲ့ရင်ထဲထိအောင် သီဆိုနိုင်တဲ့ တေးသံရှင်ကြီးစိုင်းဆိုင်မော်တစ်ယောက်အမြန်ဆုံးကျန်းမာရေးကောင်းပါစေလိူ့ မှဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်….။