အေထြေထြဗဟုသုတ

နေ့နံ၊တချို့ ဘုရားများနှင့် ဓာတ်ခန်း ၊နတ်ခန်းတို့ ဗုဒ္ဓဘာသာအယူအဆ ဟုတ်မဟုတ်

ဘုရားစေတီများမှာ ထားရှိသော နေ့သင့်နံသင့် ဘုရားများနှင့် ဓာတ်ခန်း ၊နတ်ခန်းများမှာ ဗုဒ္ဓဘာသာ၏ အယူအဆမဟုတ်ကြောင်း

ပါချုပ်ဆရာတော်ကြီး၏ ရှင်းလင်းမိန့်ကြားချက်များ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ မြန်မာလူမျိုး တွေ လက်ခံပြီးတော့

မြန်မာလူမျိုးတွေ ကျင့်သုံးနေတဲ့အရာရာတိုင်းက ဗုဒ္ဓဘာသာမဟုတ်ဘူး။ဗုဒ္ဓရဲ့အဆုံးအမ မဟုတ်ဘူးဗုဒ္ဓအဆုံးအမနဲ့ မသက်ဆိုင်တာတွေ အများကြီး ရှိတယ်။

ဥပမာ ရွှေတိဂုံဘုရားပေါ်မှာ ဘိုးမင်းခေါင် အရုပ်ကြီး တင်ထားတာတို့ ဝိဇ္ဇာဓိုရ်ဘုရားတို့ ကန်တော့ပွဲတွေတင်ထားတာတို့ ဒါတွေက့ဗုဒ္ဓ ဘာသာနဲ့မဆိုင်ဘူး။

မဆိုင်တာကို မဆိုင်ဘူးလို့ ပြောတတ်ရမယ်။ဗုဒ္ဓဘာသာ အယူအဆမဟုတ်တာတွေ ရွှေတိဂုံ ပေါ်တက်လိုက်တာနဲ့ တွေ့တယ်။ရိုးရိုးဘုရားရှေ့မှာ

လူမစည်ဘူး ဓာတ်ခန်းနတ်ခန်း တွေရှေ့မှာ လူစည်တယ်။ပြီးတော့ ရွှေတိဂုံဘုရားပေါ်မှာ အစဉ်အလာ စွဲလမ်းမှု တွေနဲ့ လူတွေဟာ ကိုယ်ရဲ့ နေ့သင့်နံသင့်

ဘုရားတွေမှာ ရေတွေလောင်းနေကြတာ မွန်းနေအောင်လောင်းတာ။ကိုယ်ချင်းမစာလို့ ဆောင်းရာသီလဲ ပုံးတွေနဲ့ ခပ်လောင်းတာ။ မီးထွန်းရင်လဲ အဲ့ဒီ့ဘုရားရှေ့မှာပဲ ထွန်းတယ်။

ဗေဒင်ဆရာတွေကလဲ ယတြာချေဖို့ ပြောတယ် လေ။ ယတြာခြေတယ်ဆိုတာတွေက့ ဗုဒ္ဓ ဘာသာတွေမှာ တင်ရှိတာမဟုတ်ဘူး။သူတို့(ဘာသာခြားများ)လဲရှိတယ်။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အစဉ်အလာယုံကြည်မှု ဒါတွေက ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူးလို့ပဲပြောရမယ်။

စနေသားက စနေနံဘုရား ရေလောင်းတာဗုဒ္ဓ ဘာသာမဟုတ်ဘူး။ဗုဒ္ဓဘာသာရဲ့ ယုံကြည်ချက်မဟုတ်ဘူး။ဒို့ဘုရားရဲ့ အဆုံးအမမဟုတ်ဘူး။ရောထွေးပြီုးပြုလုပ်ခြင်းမ်ွသာဖြစ်တယ်ပေါ့။ စနေဘုရားလို့မှ ရှိမှမရှိတာ။

စနေဒေါင့်ထားတာအမှန်ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်လာတဲ့အခါ မူလဂြိုလ်နတ် စနေဒေါင့်ကဂြိုလ်နတ်ကိုကိုးကွယ်တာကနေပြီးတော့ဗုဒ္ဓ ဘာသာဖြစ်လာတဲ့အခါမှာ ဘုရားဆင်းတုနဲ့

ပြောင်းပြီး အစားထိုးလာတာ ကြည့်လေ ဘုရားကိုးဆူဆိုတာကြည့်ပေါ့။ဘုရားက ကိုးဆူမှမဟုတ်ဘဲ။ဘုရားဟာ တကယ်ကတော့ နှစ်ကျိတ်ရှစ်ဆူတို့ ခုနှစ်ဆူတို့ဆိုတာက သူ့အဓိပ္ပါယ်နဲ့သူရှိတယ်။

ဂေါတမဘုရားဗျာဒိတ်ခံခဲ့တာကနှစ်ကျိတ်လေးဆူ၊နှစ်ဆယ့်လေးဆူပဲရှိတယ်။

ဂေါတမဗုဒ္ဓ ထည့်လိုက်တဲ့အခါ နှစ်ဆယ့်ငါးဆူ အဲ့ဒီထဲမယ် ဒီပင်္ကရာမြတ်စွာဘု့ရားနဲ့ တစ်ကမ္ဘာ တည်းပွင့်တဲ့ သရဏင်္ကရာ၊ မေဓင်္ကရာ၊ တဏှင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူထည့်လိုက်ပြီးတော့ နှစ်ကျိတ်ရှစ်ဆူ လုပ်ပြီးတော့ကိုးကွယ်နေကြတာ

နောက်တစ်ခု ခန္ဒသုတ်မှာ နမောသတ္တာနံ သမ္မာ သမ္ဗုဒ္ဒါနံ ဆိုတာ ၇ဆူ။ ဝိပဿီ ၊ သိခီ၊ ဝိဿဘူ၊ ကကုသန်၊ ဂေါဏဂုံ့၊ ကသဿပ ၊ ဂေါတမဘုရားရယ်ဆို ၇ဆူ ဒီ၇ဆူကို အာဋာနာဋိယသုတ်မှာ ရှိခိုးတာ။

ဘာကြောင့်တုန်း ဆိုရင် ယနေ့ကမ္ဘာထဲမှာ သတ္တဝါအနေနဲ့ ဟောဒီ ၇ဆူရဲ့ တပည့်တွေရှိနေသေးတယ်။ကျန်တဲ့ဘုရားတွေရဲ့ တပည့်တွေက မရှိကြတော့ဘူး။

သင်္ခါရသဘောအရ သတ္တဝါအနေနဲ့မရှိတော့ဘူး ဝိပဿီ မြတ်စွာဘုရားရဲ့ တပည့်တော်ခဲ့တဲ့ ဗြဟ္မာကြီး တွေဟာ သုဒ္ဒါဝါသဘုံမှာ ရဟန္တာဗြဟ္မာကြီးတွေ အနေနဲ့ ရှိနေသေးတယ်။

သိခီ ၊ ဝိဿဘူ ဘုရားရဲ့ တပည့်တွေကလဲ ဗြဟ္မာအနေနဲ့ ရှိနေသေးတယ်။ကကုသန် ဂေါဏဂုံကဿပမြတ်စွာဘုရားတို့ တပည့်တွေကလဲ သတ္တလောကကြီးမှာသတ္တဝါ

အနေနဲ့ ရှိနေသေးတယ်။ဒါကြောင့်မို့လို့ အဲ့ဒီ၇ဆူကိုဘွဲ့တော်နဲ့ထုတ်ပြီး ရှိခိုးတယ်လို့။ Resonable(ကြောင်းကျိုးဆီလျှော်မှု)ဖြစ်တယ်ပေါ့။

ဘုရားကိုးဆူဆိုတာတော့ ခုနက ဂြိုလ်ကိုးလုံးကို အစားထိုးတဲ့သဘောဖြစ်တယ်။ဗမာလူမျိုးတွေ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက် မလာခင်ကလည်းနတ်ကိုးကွယ်ကြတယ်။

အဲ့တော့ ဗုဒ္ဓဘာသာတွေက မြတ်စွာဘုရားကို ကိုးကွယ်တာဟာ နတ်ကိုးကွယ်တာ နဲ့ ဘာထူးလဲလို့ မေးမယ်ဆိုရင်ဗုဒ္ဓဘာသာတွေ မြတ်စွာဘုရားကို ယုံကြည်တယ် ဆိုတာ ကိုးကွယ်တယ်ဆိုတာ ဘုရားရဲ့ အစွမ်းတန်ခိုး ကို ယုံ့ကြည်တာ ကိုးကွယ်တာ မဟုတ်ဘူး။အသိဉာဏ်ကို ယုံကြည်တာပေါ့။

ဗုဒ္ဓဘာသာတွေ ယုံ့ရမှာက မြတ်စွာဘုရားရဲ့ အနန္တ တန်ခိုးကိုမဟုတ်ဘူး။ မယုံရဘူးဆိုလို့ မရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။အားကိုးရမှာက မြတ်စွာဘုရားရဲ့ အသိဉာဏ်ကိုပဲ။အသိဉာဏ်ယုံတာနဲ့ တန်ခိုးယုံတာနဲ့က အင်မတန်မှ ကွာခြားတယ်။

အသိဉာဏ်ယုံတဲ့သူက သူရဲ့အဆုံးအမကို လိုက်နာတယ်။တန်ခိုးယုံတဲ့သူကတော့ ထိုင်ပြီးတော့ ဆုတောင်းနေ မှာပဲ။ Blessing ပဲတောင်းနေမှာပဲ။

Blessing ဆိုတာ ကိုယ့်ရင်ထဲမှာရှိတယ်ဆိုတာမသိကြဘူး။မြတ်စွာဘုရားက Blessing ဆိုတာပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုက တကယ့် Blessing ပဲ။

ကိုယ့်ကိုအကျိုးပေးနေတာ ဘယ်သူက အကျိုးပေး နေတာလဲဆိုရင်ကိုယ့်ရဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ ပြောတဲ့လုပ်တဲ့ အလုပ်တွေကသာ ကိုယ့်ကို အကျိုး ပေးနေတာနော်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတေ်ာမူသော့ ဗုဒ္ဓဘာသာနှင့် နိုင်ငံခြားသားများအကြောင်းတရားတော်မှ ကောက်နှုတ်တင်ပြအပ်ပါသည်။

Yee Ywal Sue

Buddha Gabar

Unicode Version

ဘုရားစေတီများမှာ ထားရှိသော နေ့သင့်နံသင့် ဘုရားများနှင့် ဓာတ်ခန်း ၊နတ်ခန်းများမှာ ဗုဒ္ဓဘာသာ၏ အယူအဆမဟုတ်ကြောင်း

ပါချုပ်ဆရာတော်ကြီး၏ ရှင်းလင်းမိန့်ကြားချက်များ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ မြန်မာလူမျိုး တွေ လက်ခံပြီးတော့

မြန်မာလူမျိုးတွေ ကျင့်သုံးနေတဲ့အရာရာတိုင်းက ဗုဒ္ဓဘာသာမဟုတ်ဘူး။ဗုဒ္ဓရဲ့့အဆုံးအမ မဟုတ်ဘူးဗုဒ္ဓအဆုံးအမနဲ့ မသက်ဆိုင်တာတွေ အများကြီး ရှိတယ်။

ဥပမာ ရွှေတိဂုံဘုရားပေါ်မှာ ဘိုးမင်းခေါင် အရုပ်ကြီး တင်ထားတာတို့ ဝိဇ္ဇာဓိုရ်ဘုရားတို့ ကန်တော့ပွဲတွေတင်ထားတာတို့ ဒါတွေက့ဗုဒ္ဓ ဘာသာနဲ့မဆိုင်ဘူး။

မဆိုင်တာကို မဆိုင်ဘူးလို့ ပြောတတ်ရမယ်။ဗုဒ္ဓဘာသာ အယူအဆမဟုတ်တာတွေ ရွှေတိဂုံ ပေါ်တက်လိုက်တာနဲ့ တွေ့တယ်။ရိုးရိုးဘုရားရှေ့မှာ

လူမစည်ဘူး ဓာတ်ခန်းနတ်ခန်း တွေရှေ့မှာ လူစည်တယ်။ပြီးတော့ ရွှေတိဂုံဘုရားပေါ်မှာ အစဉ်အလာ စွဲလမ်းမှု တွေနဲ့ လူတွေဟာ ကိုယ်ရဲ့ နေ့သင့်နံသင့်

ဘုရားတွေမှာ ရေတွေလောင်းနေကြတာ မွန်းနေအောင်လောင်းတာ။ကိုယ်ချင်းမစာလို့ ဆောင်းရာသီလဲ ပုံးတွေနဲ့ ခပ်လောင်းတာ။ မီးထွန်းရင်လဲ အဲ့ဒီ့ဘုရားရှေ့မှာပဲ ထွန်းတယ်။

ဗေဒင်ဆရာတွေကလဲ ယတြာချေဖို့ ပြောတယ် လေ။ ယတြာခြေတယ်ဆိုတာတွေက့ ဗုဒ္ဓ ဘာသာတွေမှာ တင်ရှိတာမဟုတ်ဘူး။သူတို့(ဘာသာခြားများ)လဲရှိတယ်။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အစဉ်အလာယုံကြည်မှု ဒါတွေက ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူးလို့ပဲပြောရမယ်။

စနေသားက စနေနံဘုရား ရေလောင်းတာဗုဒ္ဓ ဘာသာမဟုတ်ဘူး။ဗုဒ္ဓဘာသာရဲ့ ယုံကြည်ချက်မဟုတ်ဘူး။ဒို့ဘုရားရဲ့ အဆုံးအမမဟုတ်ဘူး။ရောထွေးပြီုးပြုလုပ်ခြင်းမ်ွသာဖြစ်တယ်ပေါ့။ စနေဘုရားလို့မှ ရှိမှမရှိတာ။

စနေဒေါင့်ထားတာအမှန်ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်လာတဲ့အခါ မူလဂြိုလ်နတ် စနေဒေါင့်ကဂြိုလ်နတ်ကိုကိုးကွယ်တာကနေပြီးတော့့ဗုဒ္ဓ ဘာသာဖြစ်လာတဲ့အခါမှာ ဘုရားဆင်းတုနဲ့

ပြောင်းပြီး အစားထိုးလာတာ ကြည့်လေ ဘုရားကိုးဆူဆိုတာကြည့်ပေါ့။ဘုရားက ကိုးဆူမှမဟုတ်ဘဲ။ဘုရားဟာ တကယ်ကတော့ နှစ်ကျိတ်ရှစ်ဆူတို့ ခုနှစ်ဆူတို့ဆိုတာက သူ့အဓိပ္ပါယ်နဲ့သူရှိတယ်။

ဂေါတမဘုရားဗျာဒိတ်ခံခဲ့တာကနှစ်ကျိတ်လေးဆူ၊နှစ်ဆယ့်လေးဆူပဲရှိတယ်။

ဂေါတမဗုဒ္ဓ ထည့်လိုက်တဲ့အခါ နှစ်ဆယ့်ငါးဆူ အဲ့ဒီထဲမယ် ဒီပင်္ကရာမြတ်စွာဘု့ရားနဲ့ တစ်ကမ္ဘာ တည်းပွင့်တဲ့ သရဏင်္ကရာ၊ မေဓင်္ကရာ၊ တဏှင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူထည့်လိုက်ပြီးတော့ နှစ်ကျိတ်ရှစ်ဆူ လုပ်ပြီးတော့ကိုးကွယ်နေကြတာ

နောက်တစ်ခု ခန္ဒသုတ်မှာ နမောသတ္တာနံ သမ္မာ သမ္ဗုဒ္ဒါနံ ဆိုတာ ရဆူ။ ဝိပဿီ ၊ သိခီ၊ ဝိဿဘူ၊ ကကုသန်၊ ဂေါဏဂု့ံ၊ ကသဿပ ၊ ဂေါတမဘုရားရယ်ဆို ရဆူ ဒီရဆူကို အာဋာနာဋိယသုတ်မှာ ရှိခိုးတာ။

ဘာကြောင့်တုန်း ဆိုရင် ယနေ့ကမ္ဘာထဲမှာ သတ္တဝါအနေနဲ့ ဟောဒီ ရဆူရဲ့ တပည့်တွေရှိနေသေးတယ်။ကျန်တဲ့ဘုရားတွေရဲ့ တပည့်တွေက မရှိကြတော့ဘူး။

သငျ်ခါရသဘောအရ သတ်တဝါအနနေဲ့မရှိတော့ဘူး ဝိပီူ မွတျစှာဘုရားရဲ့ တပည့ျတောျခဲ့တဲ့ ဗွဟ်မာကွီး တှဟော သုဒ်ဒါဝါသဘုံမှာ ရဟန်တာဗွဟ်မာကွီးတှေ အနနေဲ့ ရှိနသေေးတယျ။

သိခီ ၊ ဝိဿဘူ ဘုရားရဲ့ တပည့်တွေကလဲ ဗြဟ္မာအနေနဲ့ ရှိနေသေးတယ်။ကကုသန် ဂေါဏဂုံကဿပမြတ်စွာဘုရားတို့ တပည့်တွေကလဲ သတ္တလောကကြီးမှာသတ္တဝါ

အနေနဲ့ ရှိနေသေးတယ်။ဒါကြောင့်မို့လို့ အဲ့ဒီရဆူကိုဘွဲ့တော်နဲ့ထုတ်ပြီး ရှိခိုးတယ်လို့။ Resonable(ကြောင်းကျိုးဆီလျှော်မှု)ဖြစ်တယ်ပေါ့။

ဘုရားကိုးဆူဆိုတာတော့ ခုနက ဂြိုလ်ကိုးလုံးကို အစားထိုးတဲ့သဘောဖြစ်တယ်။ဗမာလူမျိုးတွေ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက် မလာခင်ကလည်းနတ်ကိုးကွယ်ကြတယ်။

အဲ့တော့ ဗုဒ္ဓဘာသာတွေက မြတ်စွာဘုရားကို ကိုးကွယ်တာဟာ နတ်ကိုးကွယ်တာ နဲ့ ဘာထူးလဲလို့ မေးမယ်ဆိုရင်ဗုဒ္ဓဘာသာတွေ မြတ်စွာဘုရားကို ယုံကြည်တယ် ဆိုတာ ကိုးကွယ်တယ်ဆိုတာ ဘုရားရဲ့ အစွမ်းတန်ခိုး ကို ယု့ံကြည်တာ ကိုးကွယ်တာ မဟုတ်ဘူး။အသိဉာဏ်ကို ယုံကြည်တာပေါ့။

ဗုဒ္ဓဘာသာတွေ ယု့ံရမှာက မြတ်စွာဘုရားရဲ့ အနန္တ တန်ခိုးကိုမဟုတ်ဘူး။ မယုံရဘူးဆိုလို့ မရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။အားကိုးရမှာက မြတ်စွာဘုရားရဲ့ အသိဉာဏ်ကိုပဲ။အသိဉာဏ်ယုံတာနဲ့ တန်ခိုးယုံတာနဲ့က အင်မတန်မှ ကွာခြားတယ်။

အသိဉာဏ်ယုံတဲ့သူက သူရဲ့အဆုံးအမကို လိုက်နာတယ်။တန်ခိုးယုံတဲ့သူကတော့ ထိုင်ပြီးတော့ ဆုတောင်းနေ မှာပဲ။ Blessing ပဲတောင်းနေမှာပဲ။

Blessing ဆိုတာ ကိုယ့်ရင်ထဲမှာရှိတယ်ဆိုတာမသိကြဘူး။မြတ်စွာဘုရားက Blessing ဆိုတာပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုက တကယ့် Blessing ပဲ။

ကိုယ့်ကိုအကျိုးပေးနေတာ ဘယ်သူက အကျိုးပေး နေတာလဲဆိုရင်ကိုယ့်ရဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ ပြောတဲ့လုပ်တဲ့ အလုပ်တွေကသာ ကိုယ့်ကို အကျိုး ပေးနေတာနော်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြား​တေ်ာမူသော့ ဗုဒ္ဓဘာသာနှင့် နိုင်ငံခြားသားများအကြောင်းတရားတော်မှ ကောက်နှုတ်တင်ပြအပ်ပါသည်။

Yee Ywal Sue

Buddha Gabar