ပရိသတ်ကြီးရေ ဂျွန်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ မော်ဒယ်လ်လောကရဲ့ ဖခင်ကြီးတစ်ယောက်ပါ ။ အနုပညာရှင် တပည့်ပေါင်းများစွာရဲ့ ချစ်ခင်လေးစားမှုကို ခံရတဲ့သူတစ်ယောက်ပါ ။ အနုပညာရှင်တပည့်တွေကလည်း အခါအားလျော်စွာ ဆရာဂျွန်လွင်ကို ကျေးဇူးဆပ် ကန်တော့ကြတာကိုလည်းတွေ့ရပါတယ် ။
လတ်တလောမှာတော့ မကြာသေးမီကမှ သာသနာဘောင်ထဲဝင်ခဲ့ပြီး မော်ဒယ်လ်မင်းသားချောလေး ပိုင်တံခွန်က ကျေးဇူးဆပ်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ဒီလိုကျေးဇူးဆပ်တာဘဝမှ ာပထမဆုံးခံရတော့ ရင်ထဲမှာ ပီတိကပြောမပြတတ်အောင်ပါ Sedona မှာရေကူးကာနီး တပည့်ပိုင်တံခွန်ဖုန်းဆက်လာတယ် သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာ ပီတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ်လို့ သူ့ရဲ့ပီတိတွေကို ပရိသတ်တွေကို ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ် ။
ဘုန်းကြီးဝတ်နဲ့ဆရာကို ကျေးဇူးဆပ်တဲ့အနေနဲ့သူပြုသမျှကုသိုလ်တွေကို သူကမျှဝေပေးတာ တရားဟောပေးတာ ဘဝမှာဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်ဟာ ထူးဆန်းအေးမျှလှပါတယ် လို့လည်းရေးသားဖော်ပြခဲ့ပါတယ် ။ ပရိသတ်တွေအတွက် ဆရာတပည့်နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော် ။