ပြင်းထန်သောဝေဒနာနဲ့ ပျံလွန်တော်မူရသော်လည်းပြုံးနေတဲ့ ကျောက်ဂူတောရဆရာတော်
သေခြင်းတရားသည် သူတော်ကောင်းများအတွက် ချစ်စရာမိတ်ဆွေသာဖြစ်သည် လူမိုက်များအတွက်ကား ကြောက်စရာ ရန်သူသာဖြစ်သည်။ ပြင်းထန်သောဝေဒနာဖြင့်ပျံတော်မူရသော်လည်းပြုံးနေသော ဂန့်ဂေါကျောက်ဂူတောရဆရာတော်၏ မျက်နှာတော်…မြိုင်ကြီးငူ ဆရာတော်ကြီး ကျောက်ဂူတောရ ဆရာတော်ကြီးတို့ဆက်တိုက်ဆိုသလို ပျံလွန်တော်မူကြတာဟာ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာပါ။မေတ္တာဓာတ်ကြီးမားသူတွေ ဆုံးရှုံးရတာဟာ ပုထုဇဉ် တွေအတွက် အကြောင်းမကောင်းလှပါဘူး သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓာတ်ဟာ ကမ္ဘာသူကမ္ဘာသားတွေအတွက် များစွာ အကာအကွယ်ပေးပါတယ်။
ဥပစ္ဆေဒက ကံတွေရဲ့ အကျိ ု းပေးဟာလည်း ဆန်းကြယ်လှပါတယ် သေတတ်တဲ့သဘောတရားရှိလို့လူသေတာ မဆန်းပေမဲ့ ခုနောက်ပိုင်းမှာ အကုသိုလ်တွေရဲ့ အကျိ ု းပေးတွေဟာ ဆန်းကျယ်လှပါတယ်။သူတော်ကောင်းတွေ ဥပစ္ဆေဒက ကံနဲ့သေဆုံးသလို သာမန်လူတွေ အစုလိုက်အပြုံ လိုက် မကြာခဏ သေဆုံးတာဟာလည်း အကုသိုလ် ကြီးမားလှတဲ့ အချိန်အခါ မို့ပါပဲ။သတ္တဝါတွေ အကုသိုလ်ကြီးလာပြီဆိုရင် ကယ်တင်မဲ့ သူတွေပါ ပိုပြီး ဒုက္ခရောက်တတ်တာဟာ သဘာဝတရားပါပဲ အရှင်သာရိပုတြာမထေရ်မြတ်ကြီးတောင် အကုသိုလ်ကံ ကြီးမားလှတဲ့ ခလေးတစ်ယောက်ကို သာမဏေဝတ်ပေးပြီးကယ်မိလို့ မထေရ်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ ဆွမ်းခံမရလို့ ခလေးကို ထားခဲ့ပြီး တစ်ပါးတည်းဆွမ်းခံမှဆွမ်းခံလို့ရပါတယ်။
ရဟန်းသံဃာတော်များကိုစော်ကားတဲ့ အရိယူပ ကံထိုက်တဲ့သူများနေတဲ့ ခုလိုခေတ်ကြီးမှာ အကယ်ခံရမဲ့သူတွေရဲ့ အကုသိုလ်ကံကြောင့် ကယ်မဲ့သူတွေပါ ရောပြီး ပျက်စီးတတ်တာ သံဝေဂယူစရာကောင်းလှပါတယ်။ငါကတော့ သာသနာတော်အတွက် လုပ်နေတာပဲ ငါကတော့ကောင်းတာလုပ်နေတာပဲ ဘာမှမဖြစ်နိ ုင်ဘူးလို့ မထင်ကြပါနဲ့ဗုဒ္ဓက သတ္တဝါတဦးဟာ သံသရာမှာ မပြု လုပ်ဘူး တဲ့အကုသုလ်မရှိဘူးလို့ဟောထားပါတယ်။အကုသိုလ် အကျိုးပေးချိန် ငါးချိန် ရှိပါတယ်။၁ အချိန်မဲ့ အခါမဲ့ သွားလာချိန် ၂ မိတ်ကောင်းဆွေကောင်း ကင်း မဲ့ချိန် ၃ ပြောမှား ဆိုမှာ လုပ်မိချိန် ( စကားအပြောအဆိုကြောင့် ဒုက္ခရောက်တာကို ပြောတာပါ
ဒီအချိန်မှာ အဲလိုလူတွေ အများ ကြီးတွေ့ရနိ ုင်ပါတယ်) ၄ မတော်တဲ့အခါ နေမိချိန် ( သူများရန်ဖြစ်တဲ့အချိန် မှာ ကိုယ်ကအမှာ ရှိနေချိန်မျိုး ကိုပြောတာပါ ) ၅ ခေတ်ဆိုး ခေတ်ပျက် ကြုံတွေ့ချိန် ( အခုလို အချိန်ကိုပြောတာပါ )သံသရာကမကောင်းမှု့တွေဟာ လူတွေရဲ့ အကုသိုလ်ကြီးမားချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ် အထူးသဖြင့် အခုလို ခေတ်ဆိုးခေတ်ပျက်ကြုံတွေ့ချိန်မှာ ဝင်ရောက်အကျိ ု းပေးတတ်ပါတယ်။ဒါ့ကြောင့် လူတွေ အစုလိုက်အပြုံ လိုက် သေတာမျိ ု းတွေ အံ့သြစရာကောင်းတဲ့ သေခြင်းတရားနဲ့သေတာမျိူး ( ကုန်းမြင့်ဒေသမှာ ရေကြီးလို့ရေနစ်သေတာတွေ
ဟိုတလောက လေယာဉ်ပျက်ကျလို့အောက်က ခလေးတယောက် စာကျက်နေရင်း သေတာမျိ ု းတွေ ) ကြုံ တွေ့ရသလို သူတော်ကောင်းတွေ ရုတ်တရက် သေတာမျိုးတွေ လည်း ကြုံတွေ့ရတတ်ပါတယ်ဒါဟာ အကြောင်းတရားမကင်းတဲ့ အကျိုးတရား သေခြင်းမျိူးတွေပါပဲ ဒါ့ကြောင့် ဓမ္မမိတ်ဆွေများ အထူးသတိထားရမှာက ရတနာသုံးပါကို စော်ကားလို့ရရှိတဲ့ အရိယူပ ကံမထိုက်အောင်သတိထားကြပါ။တစ်သံသရာလုံးက ပြုလုပ်ခဲ့ဘူးတဲ့ အကုသိုလ်ကံတွေက ဝင်ရောက် အကျိ ု းပေးနေလို့ သူတော်ကောင်းရယ် သူရဲကောင်းရယ် သာမာန်လူရယ် မခွဲ ခြားပါဘူး သတိတချက် လွတ်တာနဲ့ သေဆုံးတတ်ပြီး သာသနာနဲ့လွဲ ရတတ်တာမို့အထူးသတိထားကြပါသေခြင်းတရားဆိုတာ သေသင့်လို့ သေရတာရှိသလို မသေသင့်တဲ့ အချိန်တွေမှာ သေရတာလည်း ရှိပါတယ် သေခြင်းခုနစ် မျိူး ရှိတာ ဗုဒ္ဓဘာသာဝင်တွေ သိပါလိမ့်မယ်။ crd