နွားတင်းကုပ်ထဲမှာ အလုပ်လုပ်ရင်းနဲ့ စာကျက်ပြီး တရားသူကြီးဖြစ်လာခဲ့တဲ့ အမျိုးသမီး
ပရိတ်သတ်ကြီးရေ ယနေ့ ခေတ်ရဲ့ ပညာရေး စနစ်ကြီး ထဲမှာ မိဘတော်တော် များများက သူတို့ သားသမီး တွေရဲ့ ပညာရေး နဲ့ ပတ်သတ်ပြီး အလေးထားပြီး ဆောင်ရွက် တတ်ကြ ပါတယ် ။ စာသင် ကျောင်း ဆိုရင်လည်း နာမည်ကြီး ကိုယ်ပိုင် စာသင် ကျောင်းတွေ၊ ကျူရှင်တွေဆိုရင်လည်း တစ်ကယ့် ကျူရှင်အကောင်းစားတွေမှာမှ ထားတတ်ကြတာပါ။
ဒါပေမယ့် အခု ပြောပြ ပေးမှာ ကတော့ တစ်ကယ် ပညာလိုချင်တဲ့ လူတွေ အတွက် တော့ နာမည်ကြီး ကိုယ်ပိုင် စာသင် ကျောင်းတွေ၊ ဈေးကြီး တဲ့ ကျူရှင် ဝိုင်းတွေ မလို ပါဘူး ဆိုတာကို သက်သေ ပြသွားခဲ့တဲ့ အိန္ဒိယ နိုင်ငံရှိ အမျိုးသမီး တစ်ယောက် ပဲ အကြောင်းပဲ ဖြစ် ပါတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ အဆိုပါ အမျိုးသမီးဟာ သူအဖေပိုင်တဲ့ နွားတင်းကုပ်ထဲမှာပဲ အလုပ်လုပ်ကာ စာကျက်ရင်း တရားသူကြီး တစ်ဦး ဖြစ်လာခဲ့လို့ပဲ ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
သူကတော့ အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Udaipur မြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ် အရွယ် Sonal Sharma အမည်ရ အမျိုးသမီး တစ်ယောက် ပဲ ဖြစ် ပါတယ် ။ Sonal က ဥပဒေပညာရပ်ကို လေ့လာလိုက်စားရင်းနဲ့ သူ့ဖခင်ရဲ့နွားတင်းကုပ် ထဲမှာ အဖေ ဖြစ် သူ ရဲ့ အလုပ် တွေကို ဝိုင်း ကူ လုပ်ပေးခဲ့ တာပဲ ဖြစ် ပါတယ်။ နွားနို့ညှစ်တာတို့၊ နွားတင်းကုပ်ကို သန့်ရှင်းရေးလုပ်ပေးတာတို့၊ နွားအစာ ကျွေးတာတို့၊ နွားနို့ လိုက်ပို့တာတို့ အစရှိတဲ့အလုပ်တွေကိုSonnalကသူမရဲ့ဖခင်ဖြစ်သူနဲ့ အတူတူ လုပ်ကိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးအလုပ်တွေကိုလုပ်နေရင်းနဲ့ပဲ တစ်ဖက်မှာလည်း ဥပဒေ စာမေးပွဲ အတွက် ပြင်ဆင်ခဲ့ ပါတယ်။
ကျူရှင်စရိတ်တွေက အရမ်းဈေးကြီးလွန်းတာကြောင့် Sonnal ကကိုယ့်ဘာသာself-studay လုပ်ရင်း RJS(Rajasthan Judicial Service) စာမေးပွဲ ကိုတော့ ၂၀၁၈ မှာ ဝင်ဖြေဆိုခဲ့ပါတယ်။ အမှတ်ထွက်လာတဲ့ အချိန်မှာသတ်မှတ်ထားတဲ့ အမှတ်ထက် ၁မှတ် လျော့နည်း သွားပေမယ့် Sonnalရဲ့ အရှေ့ကလူ၇ ယောက်ကပျက်ကွက်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ Sonnal ဟာ Rajasthan High Court မှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။“အရင် အချိန်တွေ တုန်းကဆို ကျွန်မက နွားတင်ကုပ်ထဲမှာပဲ အမြဲနေပြီး အဖေ့အလုပ်တွေကို ကူပြီး စာလုပ်ခဲ့ရတာပါ။
ဒါ့ကြောင့် ကျွန်မကိုယ်မှာ အမြဲတမ်း နောက်ချေးအနံ့က ထွက်နေခဲ့ပါတယ်။ကျောင်းစတက်တုန်းကတော့ အဲဒီလိုမျိုးကိစ္စနဲ့ ပတ်သတ်ပြီး တော်တော်လေးကို ရှက်ခဲ့ရပါတယ်။ အဆိုးဆုံးကအတန်းဖော်တွေကို ကျွန်မရဲ့ အဖေက နွားနို့ပို့သမားလို့ ပြောရမှာတောင် ရှက်ခဲ့မိ ပါတယ်။ ဒါပေမယ့် အခုလိုပဲ တရားသူကြီး ဖြစ်လာတဲ့ အချိန်မှာတော့ ကျွန်မမိဘတွေအတွက် ကျွန်မ အရမ်း ဂုဏ်ယူ ပါတယ်” လို့ Sonnalက TOI သတင်းဌာနကို ပြောကြားခဲ့ တာကို လေး စားအတုယူဖွယ် ကောင်းတာမို့ ပြန်လည်မျှဝေလိုက်ပါတယ် ။
Credit-ShweMom