ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွား
အင်းစိန်က သိက္ခာထပ်ထားတဲ့ ရဟန်းဒါယိကာမကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ‘မောင်ပဉ္ဇင်း အဖွားလည်းအသက်၈၀ကျော်ပြီ အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့ လို့ပဲ ပြန်ပြောလိုက်ပါတယ်။
အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဉ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှ
အဲဒါဆိုရင်တော့ မလာချင်ဘူး အဖွားမရှိရင် မိဘပစ္စည်း သားသမီးပိုင်ရမှာ သူတို့ စိတ်ထဲတစ်မျိုးဖြစ်နေရင် မကောင်းဘူး အဖွားရဲ့သားသမီးတွေ သဘောအတိုင်းလုပ်ပါစေလို့ ပြောလိုက်တော့ အေးပါ အေးပါ လို့ပြောပြီး ပြန်သွားပါတယ်။
နောက်တစ်ပါတ်လောက်ကြာတော့ ပြန်ရောက်လာပြီး မောင်ပဉ္ဇင်း သားသမီးတွေ ပြောပြီးပြီ ပိုတောင် အဆင်ပြေပါတယ် သူတို့က ပြောပါတယ် အမေရယ် သေမှ လှူတာက အမေ့အတွက် မသေချာပါဘူး။
အမေလှူချင်တာကို အခုတည်းက လှူသွားပါလို့ ပြောကြလို့ ခွဲခြမ်း စီစဉ်လိုက်ပါပြီ အဖွားက သိန်း ၁၀၀ အဖွားသူငယ်ချင်း ဒေါ်လွမ်းက သိန်း ၅၀ မြန်မြန်လှူချင်လှပါပြီ လှူရမယ့်ရက်သာ မြန်မြန်သတ်မှတ်ပါ
ခဏခဏလျောက်လို့ ဒီနေ့ အာဇာနည်နေ့မှာ ရေစက်ချဖို့ သတ်မှတ်လိုက်ပါတယ် ရေစက်မချခင်မှာ အဖွားကိုတစ်ခုလောက် ပြောချင်ပါသေးတယ်
အဖွားက မောင်ပဉ္ဇင်းအတွက် ကျောင်းဆောက်ဖို့ရည်မှန်းပေမယ့် မောင်ပဉ္ဇင်းအတွက်တော့ မဆောက်ချင်ပါဘူး မုံရွာမှာ ပညာဒါန သုံးထပ်ကျောင်းဆောင် ဆောက်နေတယ်။
မတည်အလှူရှင်က သိန်း ၃၅၀ လှူထားပါတယ် ကျောင်းက လုပ်ရင်းလုပ်ရင်းနဲ့သိန်း ၈၀၀ကျော်ပါမယ် အဲဒီမှာ ထည့်လိုက် ရမလား ဆိုတော့မောင်ပဉ္ဇင်း လိုအပ်တဲ့နေရာ လုပ်ပါလို့ပြောပြီး ဒီနေ့ပဲ ရေစက်ချလိုက်ပါတယ်။
ချမ်းသာလေးမျိုးနဲ့ သူတော်ကောင်းတို့ ဆုတောင်းတရားအကျဉ်းလေး ဟောပေးခဲ့ပါတယ် ချမ်းသာလေးမျိုးက ၁။ အတ္ထိသုခ ရှိသင့်တာရှိရင် ချမ်းသာတယ်။၂။ ပရိဘောဂသုခ သုံးဆောင်ခံစားရမှ ချမ်းသာတယ်။၃။ အာနဏ်သုခ ကြွေးကင်းရင် ချမ်းသာတယ်။၄။အနဝဇ္ဇသုခ ဝါ ဝိမုတ္တိသုခအပြစ်ကင်းသောချမ်းသာ စွန့်လွှတ်မှု ချမ်းသာ ဆိုပြီး လေးမျိုးရှိပါတယ်။
အဲဒီလေးမျိုးထဲမှာ ရှေ့သုံးမျိုးက တဏှာမကင်းလို့ ချမ်းသာအတုပါ အပြစ်ကင်းသော စွန့်လွှတ်မှုချမ်းသာသည်သာ နိဗ္ဗာန်ကို ဦးတည်တဲ့ ချမ်းသာအစစ်ပါ။ဘုရားလောင်းကဏှရသေ့ကိုသိကြားမင်းက ဖြည့်ဆည်းပေးပါမယ် ဘာလိုချင်လဲလို့ မေးတော့ ကဏှရသေ့က ဆု ၆မျိုး ပြောဆိုလိုက်ပါတယ်။
၁။ ဘယ်သူ့ကိုမှ စိတ်မဆိုးပါရစေနဲ့ ၂။ဘယ်သူ့ကိုမှ မပြစ်မှားပါရစေနဲ့ ၃။ မည်သည့်အရာကိုမျှ လိုချင်လောဘ မဖြစ်ပါရစေနဲ့ ၄။မည်သည့်အရာကိုမျှ ပြင်းစွာ စွဲလန်းခြင်းမဖြစ်ပါရစေနဲ့။
၅။သူတော်ကောင်းတရား အားထုတ်ခွင့် မရမှာစိုးလို့ အနာရောဂါကင်းရပါလို၏ ၆။ ကိုယ့်ကြောင့် သူတစ်ပါးတို့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းမဖြစ်ကြပါစေနဲ့လို့ ဆု ၆ မျိုး တောင်းဆိုလိုက်ပါတယ်။
ရေစက်ချအပြီးမှာ Hotpop City မှာနေ့ဆွမ်းဆက်ကပ်ကြပါတယ် အဖွားက ပြီးတော့ တိုးတိုးလေးကပ်လျောက်သွားသေးတယ် ငါးကျပ်သား ကျန်သေးတယ် လှူထားခဲ့ပါမယ် တဲ့ အားလုံး ဝမ်းသာ၍ ချမ်းသာကြပါစေ။
[Unicode]
ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွား
အင်းစိန်က သိက္ခာထပ်ထားတဲ့ ရဟန်းဒါယိကာမကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ‘မောင်ပဉ္ဇင်း အဖွားလည်းအသက်၈၀ကျော်ပြီ အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့ လို့ပဲ ပြန်ပြောလိုက်ပါတယ်။
အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဉ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှာ