ပြည်တွင်းသတင်း

ဒီကနေ့ ခိုင်နှင်းဝေရဲ့ ဂေဟာမှာ ငွေကျပ် သိန်း(၆၀) နဲ့အတူ အခြားသောအရာများကို လှူဒါန်းခဲ့တဲ့ ကျော်ထက်အောင်

ပရိသတ် အချစ်တော်ကျော်ထက်အောင်ကတော့ စကားပြောစွမ်းရည် အလွန်ကောင်းပြီး ချိုသာတဲ့ အပြုံးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိခဲတဲ့ အစီစဥ် တင်ဆက်သူလေး တစ်ဦး ဖြစ်ပါတယ်။ အစီစဥ်တင်ဆက်သူအဖြစ် အနုပညာလမ်းကြောင်းထဲ စတင်ဝင်ရောက်လာပြီး ယခုဆို ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးလာကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ပင်ကိုယ်က အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားပြီး ရယ်လိုက်တဲ့ အခါ ပေါ်လာတဲ့ ပါးချိုင့်တွေက နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ကို လှုပ်ခပ်စေတာပဲ ဖြစ်ပါတယ်။


ယခုအခါမှာလည်းအလှူအတမ်းလုပ်ထားတဲ့ ပုံလေး တွေကို ချပြလာတာပဲဖြစ်ပါတယ်။2021မှာအလှူအတမ်းလေးနဲ့ ကောင်းမှုကုသိုလ်တွေ လူပ်နေတဲ့ အကြောင်းကို “Magical World (Real Estate) Company ကိုယ်စား 2021 နှစ်သစ်အလှူကို မခိုင်နှင်းဝေ ရဲ့ ပရဟိတ ဂေဟာ မှာ လှူဖြစ်ခဲ့တဲ့ အမှတ်တရ ပုံရိပ်” ဆိုတဲ့ ခေါင်းစဥ်လေးတပ်ပြီး ပီတိနဲ့ လှူဖြစ်ခဲ့တဲ့ ပုံလေးတွေ ဖော်ပြလာတာကိုပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်းကျော်ထက်အောင်နဲ့အတူ သာဓုခေါ်ဆို လိုက်ကြပါဦးနော်…..။

Swelsone News