ကျန်းမာရေး နိုင္ငံတကာသတင္း

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို ခေတ္တပိတ်

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို ခေတ္တပိတ်၊ မြန်မာဆေးရဖို့ နောက်ကျပြီအိန္ဒိယအစိုးရဟာ Serum Institute of India မှ ထုတ်လုပ်နေတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ပြည်ပနိုင်ငံများအား ရောင်းချခြင်းကို အိန္ဒိယအစိုးရမှ ယာယီပိတ်ပင်လိုက်ပါတယ်။

Serum Institute of India ဟာ အဲ့ဒီကာကွယ်ဆေးပေါင်း dose သန်း ၁၀၀၀ ကို ဖွံဖြိုးစဲနိုင်ငံတွေအတွက် ရောင်းချပေးဖို့ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေကModerna နဲ့ Pfizer ကာကွယ်ဆေးတွေကို အပြိုင်အဆိုင်ဝယ်ယူထားကြချိန်မှာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် Oxford-AstraZeneca ကာကွယ်ဆေးကိုမျှော်လင့်ထားကြတာဖြစ်ပါတယ်။

ပြည်ပကိုယာယီတင်ပို့ခွင့်မရတဲ့အပြင် ပုဂ္ဂလိကဈေးကွက်ကိုပါ ယာယီရောင်းချခွင့်ပြုမှာ မဟုတ်ပါဘူး။အိန္ဒိယအစိုးရအနေနဲ့လည်း သူ့ပြည်တွင်းကို အရင် လုံလုံလောက်လောက် ပေးနိုင်ဖို့ကြိုးပမ်းမှာ ဓမ္မတာပါ။ အဲ့ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆေးရရှိမှုလပိုင်းလောက်နောက်ကျသွားပါလိမ့်မယ်။

ပြည်ပကိုယာယီတင်ပို့ခွင့်မရတဲ့အပြင် ပုဂ္ဂလိကဈေးကွက်ကိုပါ ယာယီရောင်းချခွင့်ပြုမှာ မဟုတ်ပါဘူး။အိန္ဒိယအစိုးရအနေနဲ့လည်း သူ့ပြည်တွင်းကို အရင် လုံလုံလောက်လောက် ပေးနိုင်ဖို့ကြိုးပမ်းမှာ ဓမ္မတာပါ။ အဲ့ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆေးရရှိမှုလပိုင်းလောက်နောက်ကျသွားပါလိမ့်မယ်

COVAX ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့ ကာကွယ်ဆေး ဖြန့်ဖြူးမှုဟာလည်း မတ်လ-ဧပြီလအထိ စနိုင်ဖွယ်မမြင်တော့ပါ။Serum Institute of India အနေနဲ့ ပထမဆုံးကာကွယ်ဆေး dose သန်း ၁၀၀ ကို အိန္ဒိယအစိုးရထံ “အထူးဈေးနှုန်း” အဖြစ်အမေရိကန်ဒေါ်လာ ၂.၇၄ (မြန်မာငွေ ၃၆၀၀ ကျော်)

နဲ့ လူတစ်ယောက်တစ်ခါထိုးစာကို ရောင်းချပေးမှာဖြစ်ပါတယ်။ (dose = လူတစ်ယောက် တစ်ခါထိုးစာ ဆေးပမာဏ) ပုဂ္ဂလိကဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၁၃.၆၈ (မြန်မာငွေ ၁၈၀၀၀ ကျော်) နဲ့ ရောင်းချမှာဖြစ်ပါတယ်။Serum Institute of India အနေနဲ့ COVAX အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းမှာ ဆေး dose ပေါင်း သန်း ၂၀၀ ကနေ ၃၀၀ အထိပဲပေးနိုင်မယ်လို့ဆိုပါတယ်။

Serum Institute of India ပြောသွားတဲ့အထဲမှာ အဲ့ဒီအချက်ကိုကျနော်စိတ်အပူဆုံးပါပဲ။ ဒါဟာအလွန်နည်းတဲ့ပမာဏပါ။ ကမ္ဘာ့ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ လူဦးရေရဲ့လိုအပ်ချက်နဲ့ဆိုရင် ဆင်ပါးစပ်နှမ်းပက်သလောက်သာ ရှိပါတယ်။ ကျနော့်အနေနဲ့ ကိုဗစ် ကာကွယ်ဆေးရရှိမှုကို ၂၀၂၁ ခုနှစ်ထဲမှာ လုံလောက်စွာရလာမယ်လို့ မမျှော်လင့်ထားပါ။

မြန်မာတနိုင်ငံလုံးကို ၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးတစ်ခုခုကို လူအားလုံးကို ထိုးပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ အများဆုံးထိုးပေးနိုင်မှ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ရာနှုန်းလောက်ပဲထိုးနိုင်ပါလိမ့်မယ်။ ကာကွယ်ဆေးကောင်းရဖို့ဆိုတာက ငွေ၊ အစိုးရခြင်းရင်နှီးမှု၊ အပူတပြင်းကျားကုတ်ကျားခဲလုံးပမ်းမှုတွေနဲ့ ဘက်စုံကြိုးပမ်းပြုလုပ်မှရမှာပါ။၂၀၂၁ သြင်္ကန်

၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်စတဲ့ လူစုလူဝေးပွဲအားလုံးကို ကျင်းပနိုင်မယ်မထင်ပါ။ ကာကွယ်ဆေးကောင်းကို ဒီနှစ်ထဲမှာ လုံလောက်စွာရနိုင်ခြေ မရှိသေးတဲ့အတွက်ကိုယ့်အားကိုယ်ကိုး Mask တပ်ခြင်း၊ လက်သေချာဆေးခြင်း၊ social distancing ကိုသေချာလိုက်နာခြင်းတို့ဖြင့် စည်းကမ်းရှိစွာ ပူးပေါင်းကာကွယ်ရပါမယ်။

အာဏာပိုင်တွေအနေနဲ့လည်း စည်းကမ်းအမိန့်တွေကို တလေးတစားလိုက်နာနေတဲ့ပြည်သူတွေကို ငပေါတွေလို့သဘောမထားပဲ စည်းကမ်းမလိုက်နာသူတွေကို သေချာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရပါတော့မယ်။

ကမ္ဘာ့အသိအမှတ်ပြု မရသေးတဲ့ ကာကွယ်ဆေးရောင်းသူတွေကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့ခင်ဗျာ။ ကျနော်တို့လည်းတိန်ကနဲဆို အားလုံးအသင့်ဖြစ်မယ်လို့ ယုံခဲ့မိတာပဲ။ ထမင်းချက်ဖို့ရာဆန်မပြောနဲ့ စပါးကိုအခုမှ လိုက်ရှာနေရတုန်းလို့ ဘယ်သိခဲ့ပါ့မလဲ။အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို အစိုးရခြင်းကူညီမှုအရ ဘယ်လောက်ကူညီရောင်းပေးမလဲ မသိပါ။ များများရောင်းပေးပါစေလို့ ဆုတောင်းပါတယ်။