အသက် 104 နှစ်ရှိနေပြီဆိုပေမဲ့လည်း နေ့စဉ်နေ့တိုင်းမနားတမ်း ပင်လယ်ထဲမှာငါးဖမ်းဝမ်းစာရှာနေရတဲ့အဖွားအတော်များများကတော့ အသက်60 ပြည့်ရင် အငြိမ်းစားယူတာတို့ ၊ အလုပ်ကနေ အနားယူလိုက်ကြတာမျိုးတို့ရှိပေမဲ့လည်း
မလေးရှားနိုင်ငံ Langkawi ကျွန်းမှာနေထိုင်တဲ့ အသက် 104 နှစ်အရွယ် အဘွားအိုမှာတော့ နေ့စဉ်နေ့တိုင်း ပင်လယ်ထဲသို့သွားပြီး မနားတမ်း ငါးဖမ်းနေတုန်းပါပဲ။
အဘွား၏ သားသမီးများ နှင့် မြေးမြစ်များက အဘွားကို အိမ်မှာသာ သက်သောင့်သက်သာအနေယူဖို့ပြောပေမဲ့လည်း အဘွားမှာတော့ လုံးဝလက်မခံဘဲ ငါးတွေ ၊ ပုဇွန်တွေဖမ်းပြီး အိမ်မှာလည်း ပုဇွန်အနှစ်များပြုလုပ်ပြီး ရောင်ချလေ့ရှိသေးကြောင်း သိရှိရပါတယ်။
အဘွားအိုဟာ သူ့ရဲ့လုပ်ငန်းကိုနေ့စဉ်မပျက်လုပ်ကိုင်နေသေးပြီး ၊ သူ့ကိုယ်သူ ကျန်းမာနေဆဲရှိကြောင်း အမြဲပြောဆိုလေ့ရှိသူလည်းဖြစ်ပါတယ် ။ ထို့အပြင် Amri အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်မှာလည်း အဆိုပါ Langkawi ကျွန်းသို့သွားရောက်လည်ပတ်သူတိုင်း အဘွားရဲ့ ပုဇွန်အနှစ်လေးကို ဝယ်ပြီးအားပေးကြဖို့ ဝေမျှခဲ့ပါသေးတယ်။
အခြားသော social media အသုံးပြုသူများက အသက် 104 နှစ်ရှိနေပြီဖြစ်ပေမဲ့ ကျန်းမာသန်စွမ်းနေသေးတဲ့ အဘွားရဲ့ကျန်းမာရေးကို အားကျနေကြပြီး ၊ ၎င်းတို့ဆိုလျှင် အသက် 20 ကျော်အရွယ်သာရှိသေးပေမဲ့လည်း လှေကားတက်ရတာကိုအမြဲညည်းညူနေမိတဲ့၎င်းတို့ရဲ့အဖြစ်ကြောင့် အတော်လေးရှက်မိကြောင်းလည်း ပြောဆိုခဲ့ကြပါသေးတယ်။