နိုင္ငံတကာသတင္း

နေ့ရက်တွေ ဘယ်လောက်ဘဲခက်ခဲနေပါစေ သားငယ်လေးကို လမ်းမဘေးမှာမချထားရက်နိုင်ခဲ့တဲ့ ဖခင်

နေ့ရက်တွေ ဘယ်လောက်ဘဲခက်ခဲနေပါစေ သားငယ်လေးကို လမ်းမဘေးမှာမချထားရက်နိုင်ခဲ့တဲ့ ဖခင်

ယခုလို ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေခက်ခဲလာပြီး၊တစ်နေ့လုပ်တစ်နေ့စား အောက်ခြေလူတန်းစားတွေအတွက် အလုပ်နေရာမရှိသလောက်ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ အရုပ်ဝတ်စုံလေးဝတ်ပြီး ၊ ကပြ ဖျော်ဖြေကာ လမ်းမကြီးဘေးမှာ တစ်နေ့လုံး ငွေရှာနေခဲ့ရတာပါ။

ခက်ခဲပင်ပန်းတဲ့ကြားထဲက သားငယ်လေးကို အမြဲချီပိုးထားပါသေးတယ်။ ညအချိန်ရောက်လာတော့ ဖခင်နောက်လိုက်ပါလာတဲ့ ကလေးငယ်က အိပ်မောကျသွားခဲ့ပါတယ်။

ဖခင်ကလည်း သူ့ကလေးကို ကိုယ်ပေါ်ကနေ လုံးဝမချဘဲ တယုတယနဲ့ ပွေ့ချီထားနေတာကို တွေ့ရမှာပါ။ ဖခင်ရဲ့မေတ္တာကလည်း တကယ့်ကိုအနှိုင်းမဲ့လွန်းတယ်ဆိုတာ ဒီအမျိုးသားရဲ့ အပြုအမှုတွေက ဖော်ပြပေးနေပါတယ်။crd.