ပြည်တွင်းသတင်း

ကချင်ပြည်နယ် ၊ ဖားကန့်မှာ ဥရုချောင်းရေလျှံလို့ ရပ်ကွက်(၈)ခုနဲ့ ကျေးရွာအုပ်စုတွေမှာ ရေကြီးမှုဖြစ်ပွား

ကချင်ပြည်နယ် ၊ ဖားကန့်မှာ ဥရုချောင်းရေလျှံလို့ ရပ်ကွက်(၈)ခုနဲ့ ကျေးရွာအုပ်စုတွေမှာ ရေကြီးမှုဖြစ်ပွား

Tuesday, August 11, 2020

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဥရုချောင်းရေလျှံလို့ ဖားကန့်မြို့ပေါ်ရပ်ကွက် (၅)ခု၊ လုံခင်းမြို့နယ် ရပ် ကွက်(၃)ခုနဲ့ ချောင်းရဲ့အောက်ဘက်က ကျေးရွာအုပ်စုတွေ ဩဂုတ်လ(၁၀)ရက်နေ့ကစပြီး ရေကြီးနေတယ်လို့ ဒေသခံတွေဆိက သိရပါတယ်။

ဥရုချောင်းရေလျှံတာကို ကာကွယ်ပေးဖို့ နိုင်ငံတော်အစိုးရဆီတင်ပြထားတာ (၁၀)ကျော်ကြာရှိနေပေမဲ့ နှစ် စဉ်ရေကြီးမှုဒဏ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမှာက ရေကြီးတာကထုံးစံလိုဖြစ်နေတော့ သူတို့တွေကပြောင်းရွှေ့ဖို့က ဆွေမျိုးတွေဆီမှာပဲ ပြောင်းရွှေ့ နေကြတာပေါ့။”လို့ ဖားကန့်မြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမောင်ကြီးက ပြောပါတယ်။

အခုအချိန်မှာတော့ အနိမ့်ပိုင်းတွေမှာ ရေကျန်နေသေးပြီး အမြင့်ပိုင်းတွေကတော့ ရေပြန်ကျပြီး ကားတွေသွားလို့ရနေပြီလို့ သိရပါတယ်။

“တချို့အမြင်မတော်တဲ့ နေရာတွေမှာတော့ ဘတ်ဖိုးနဲ့ပြန်ပြင်ပြီး သဲတွေကိုဘေးမှာပဲ ပြန်ချတာတို့ အဲဒီလိုမျိုးပဲ ယာယီလုပ်တာ ရေရှည်အတွက်တော့ ဘာမှမလုပ်သေးဘူး။ ဒီအတိုင်းဆက်ထားရင်တော့ ပိုဆိုးမှာပေါ့။”လို့ ကိုမောင်ကြီးက ပြောပါတယ်။

အစိုးရကတော့ ဥရုချောင်းနဲ့ ကိုက်(၃၀၀)ပတ်ဝန်းကျင်မှာ လုပ်ကွက်တွေ မလုပ်ကိုင်ရဘူး လို့သတ်မှတ်ထားပေမဲ့ ဥရုချောင်းထဲကို စွန့်ပစ်တဲ့မြေစာတွေကြောင့် ချောင်းတိမ်ကောလာပြီး မြေသားတွေ မြင့်တက်လာလို့ ရပ်ကွက်တွေထဲ ရေဝင်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဌာနဆိုင်ရာတွေ၊ ဒေသခံတွေ၊ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ဗဏီတွေပူးပေါင်းပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီကစလို့ ဥရုချောင်းရေစီးရေလာကောင်းအောင် အမှိုက်တွေ၊ ပိတ်ဆို့နေတဲ့မြေစာတွေကို ဆယ်ယူတဲ့လုပ်ငန်းတွေကို ရက်(၁၀၀)စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့သေးတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

“ဒီနှစ်က စက်ယန္တရားအင်အားနည်းတယ်။ အစိုးရဘက်ကတော့ ဘတ်ဂျက်ချပေးတာမရှိဘူး။ ကုမ္ပဏီတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့လုပ်တာပဲရှိတယ်။ ကုမ္ပဏီကမရှိတော့ဘူးဆိုတော့ ခါတိုင်းနှစ်တွေထက် စက်မရဘူးပေါ့။” လို့ လုံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလအောင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ သတ္တုတွင်းဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်၊ လုံခင်းရတနာ နယ် မြေထဲမှာ (၅၃၆၄၀)ဧကကို တူးဖော်ခွင့်ပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်တရားမဝင်တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်လို့ ဥရုချောင်းတလျှောက် ရွှေတူးဖော်မှုတွေမလုပ်ဖို့လည်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြ ပါတယ်။

Source – O Media