စားဝတ်နေရေးအခြေအနေကြောင့်ငယ်ငယ် ရွယ်ရွယ်နဲ့ရုန်းကန်နေရသူတွေ အများကြီးရှိပါတယ်။ သူတို့ဘဝတွေဟာ ကိုယ်တိုင်ကြိုးစားဖို့လိုသလိုတတ်နိုင်သူတွေကလည်းဘေးကနေဝိုင်းဝန်းထောက်ပံ့ပေးဖို့လိုပါတယ်၊ ဒါမှသာ ဆင်းရဲမှုတွေလျော့ပါးပြီးလူတိုင်းအေးဆေးနေနိုင်တဲ့
ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊ ခုပြောချင်တဲ့အကြောင်းလေးကလည်း အသက်ငယ်ငယ်နဲ့ထီရောင်းနေတဲ့ ကလေးလေးတစ်ဦးရဲ့ကျောင်းတက်ချင်တဲ့ အိပ်မက်လေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းလေးကို လူမှုကွန်ရက်မှာ ခုလိုဖော်ပြထားတာတွေ့ရပါတယ်။
“ချစ်လိုက်တာဓာတ်ပုံအရိုက်ခံရင်ထီထိုးမယ် ဆိုတော့ ရိုက်ပါအန်တီ ရိုက်ပါသားဆီမှာထီထိုးပါတဲ့ သူရွေးပေးတဲ့၁၀စောင်တွဲယူတော့ဖုန်းနံပါတ်ရေးတယ်လက်ရေးကခနော်ခနဲ့ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့ ၅တန်းနဲ့ကျောင်းထွက်လိုက်ရတာတဲ့
တို့တိုင်းပြည်ကမဖူးခင်ကြွေရတဲ့ပန်းတွေ သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်းနဲ့ကပ်လျက် စာသင်ခန်းထဲကစာအံသံတွေလမ်းမကကြားနေရတယ်ကလေးရယ် သူလည်း ကျောင်းနေချင်ရှာမှာပဲအဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲမရှိပဲလမ်းပေါ်မှာရှာဖွေစားနေရတာမြင်ရရင်လေအလိုလိုရင်ထဲမှာမကောင်းတော့ဘူး။
လူတကာရဲ့အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ၊ ဒါပေမယ့် ကိုယ့်ကြောင့်သူ့သောကလေးနဲနဲဖြစ်ဖြစ်သက်သာမယ်ဆိုလည်းလုပ်မယ်၊ တကယ်က ဒီလအတွက်ထီကရုံးမှာ ညီမတစ်ယောက်ဆီကထိုးပြီးသား၊ သူ့ကိုမြင်တော့၁၀စောင်ထပ်ထိုးတယ်၊ဆုကြီးပေါက်ရင် မင်းကိုထီရောင်းဖို့ကားတစ်စီးဝယ်ပေးမယ်လို့ ဆိုတော့သားကထီပေါက်ရင်ကျောင်းပြန်တက်မှာတဲ့။
Ok အန်တီပေါက်ရင်လည်း သားကိုကျောင်းပြန်တက်ရအောင်လုပ်ပေးမယ်လို့ ပြောတော့ရီနေတယ်။ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိသလိုသူလည်းအတွေးနဲ့ပျော်ပါစေ။ကျောင်းထဲမှာပျော်နိုင်ပါစေ ကလေးရယ်။
” ဆိုပြီးကိုယ်တိုင်ကြုံရသူတစ်ဦးက ရေးထားတာပဲ ဖြစ်ပါစေ၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျောင်းနေချင်တဲ့ အဲဒီလို ကလေးတွေ ဘယ်လောက်များနေပြီလဲ၊ကျနော်တို့ သူတို့ကို ဘာတွေကူညီနိုင်မလဲ၊ဒါတွေ စဉ်းစားဖို့
လိုပါတယ်၊ ကိုယ်တိုင်မကူညီနိုင်တောင်မှ ကူညီနိုင်သူတွေ တွေ့အောင် Share ပေးတာ အပန်းမကြီးတာမို့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးမှလည်း အလှူရှင်တွေ့အောင်တက်နိုင်သလောက် ဝိုင်းဝန်းကူညီပြီးရှယ်ပေးကြပါဦးနော်။အမြန်ဆုံးလည်းအလှူရှင်တွေ့ပါစေဗျာ။
ခရက်ဒစ်