ပြည်တွင်းသတင်း

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားသော ဆရာတော်

(၄၇)ဘွဲ့ရစစ်ကိုင်းတိပိဋကဆရာတော်

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အမျ ားဆုံးရရှိထားသော ဆရာတော်အရှင်မြတ်မှာ စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန ္တအဘိဇာတာလင်္ကာရာဘိဝံသဖြစ်သည်။

ဆရာတော်သည် မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ စာမေးပွဲ,စာပြန်ပွဲပေါင်း(၅၀) ကျေ ာ်(၆၀)ခန့်ကို ဖြေဆို,ပြန်ဆိုအောင်မြင်ထားသလို ဓမ္မာစရိယ(၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့၊တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့နှင့်အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့မျ ားအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့တိတိကိုဆွတ်ခူးရရှိထားပါသည်။

ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ဆင်နင်းကျေ းရွာ ခမည်းတော်ဦးတင်ရ+မယ်တော်ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊(၂၉-၉-၆၈) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။

ဆရာတော်၌မွေးချ င်းခုနစ်ယောက်ရှိရာတွင်တတိယမြောက် သားရတနာဖြစ်သည်။


ဆရာတော်သည် ၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း(၁၁)ရက် (၂၉-၁၀-၇၉) ကြာသာပတေးနေ့တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ် နတ်တော်လပြည့်ကျေ ာ်(၁၁)ရက်(၁၄-၁၁-၇၉) သောကြာနေ့မှာပင် စစ်ကိင်းမြို ့၊ မဟာသုဗောဓာရုံကျေ ာင်းတိုက်သို့ရောက်ရှိခဲ့ပြီး

ထိုကျေ ာင်းတိုက်မှာပင် အခြေခံတန်းမျ ားမှစ၍ တိပိဋကပြီးသည်အထိ သီတင်းသုံးကာပညာသင်ယူခဲ့သည်။

ရှင်သာဏေဘဝဖြင့်ပင်`သာသနာလင်္ကာရသာမဏေကျေ ာ်´ဘွဲ့နှင့်`သာသနဓဇဓမ္မာစရိယ´ဘွဲ့တို့ကိုလည်းဆွတ်ခူးရရှိခဲ့သည်။

မြင့်မြတ်သော ရဟန်းအဖြစ်ကိုမူ ၁၃၄၉-ခုနှစ်၊ပြာသိုလပြည့်ကျေ ာ်(၁)ရက် (၄-၁-၈၈) တနင်္လာနေ့(လွတ်လပ်ရေးနေ့)တွင်ဝက်လက်မြို ့၊ကြံ့ခိုင်ရပ် ဦးသန်းထွန်း+ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို ့၊သီရိရပ်ဓမ္မာရုံကျေ ာင်း သာသနဝိလာသိနီသိမ်တော်၌ စစ်ကိုင်းမြို့မဟာသုဗောဓာရုံကျေ င်းတိုက် အာရာမသမုဋ္ဌာပကတွဲဖက်ရွှေကျ င်သာသနာပိုင်ဆရာတော်ကိုဥပဇ္ဈ ာယ်ပြု၍ရောက်ရှိခဲ့သည်။

ဆရာတော်သည် ရဟန်းဖြစ်သည့်နှစ်မှစ၍ ယနေ့တိုင်အောင် စာဝါပို့ချ ပေးခဲ့သည်။

မဟာသုဗောဓာရုံကျေ ာင်းတိုက်၌ တိုက်ကြပ်တာဝန်ကိုထမ်းဆောင်ခဲ့သည်။စာသင်သားမျ ားအတွက်လည်း ကျ မ်းစာအုပ်(၅)အုပ်ကိုရေးသားထုတ်ဝေဓမ္မဒါနပြု ခဲ့သည်။

မန္တလေးမြို ့၊ပြည်ကြီးတံခွန်မြို ့နယ်တွင် နောင်တော်,ညီတော်မျ ားနှင့်တွဲဖက်၍..`ဓမ္မမာနိတာရုံစာသင်တိုက်´ကိုလည်းတည်ထောင်ဖွင့်လှစ်ခဲ့သလိုရန်ကုန်မြို့၊ ဒဂုံမြို ့သစ် မြောက်ပိုင်း၌လည်း`သဒ္ဓမ္မမာနိတာရုံကျေ ာင်းတိုက်´ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။

လူမှုရေးပရဟိတလုပ်ငန်းအနေဖြင့် မုံရွာမြို ့၌ကရုဏာမြင့်မိုရ်လူမှုကူညီရေးအသင်းနှင့်ဆေးပေးခန်း၊ဇာတိဆင်နင်းရွာ၌ပတ္တမြားရောင်စာကြည့်တိုက် စသောလုပ်ငန်းမျ ားကိုဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ယခုအခါ မုံရွာမြို ့၊သဒ္ဓမ္မဇောတိကသုဗောဓာရုံကျေ ာင်းတိုက်၌ နာယကဆရာတော်အဖြစ်သီတင်းသုံးကာ စာပေပို့ချ ရင်း တရားဓမ္မမျ ား ဟောကြားရင်း သာသနာ့တာဝန်ကိုထမ်းဆောင်လျ က်ပါကြောင်းသုတဗုဒ္ဓတစ်ဆူဖြစ်သော သာသနာ့အာဇာနည်အရှင်မြတ်စစ်ကိုင်းတိပိဋကဆရာတော်၏ အတ္ထု ပ္ပတ္တိအား အမျ ားသူငါကြည်ညို သဒ္ဓါပွားမျ ားနိုင်ရန်အမြွက်မျှ တင်ပြလိုက်ပါသည်။

မေတ္တာဖြင့်

အရှင်စန္ဒသိရီ[တာဝ]

ပြန်လည်မျှဝေ ပူဇော်ပါသည်

မောင်သစ္စာ