ဗြိတိန်လော့ဒေါင်းချခြင်းနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေကို သတိပေးလိုက်တဲ့ ဒေါက်တာခင်ခင်ကြီး
UK နိုင်ငံတွင် အသွင်ပြောင်းပိုးကူးစက်မှု မြန်ဆန်နေသဖြင့် အင်္ဂလန်နိုင်ငံ အစိုးရမှ ၄-၁-၂၀၂၁ ရက်နေ့မှစ၍ အင်္ဂလန်နိုင်ငံတွင် National lockdown : Stay at home အမိန့်ချမှတ်ကြောင်း UK ဝန်ကြီးချုပ်က ကြေညာခြင်း
ဒီအမိန့်မှာ ဘာတွေလုပ်ရမလဲ ဘာတွေမလုပ်ရဘူးလဲ အသေးစိတ်ပါဝင်ပါသည် စုစုပေါင်း ၂၂ မျက်နှာပါဝင်ပါသည်။ အချုပ်အားဖြင့် အိမ်တွင်နေရပါမည် အရေးအကြီးဆုံးအချက်မှာ နိုင်ငံသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက်ဖြစ်ပါသည်
အောက်ပါလမ်းညွှန်ချက်တို့ကို ချက်ချင်းလိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည် အဆိုပါလိုက်နာရမည့်အချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေအရ တရားစီရင်ခံရပါမည်
အိမ်မှထွက်ခွာခွင့်
မလိုအပ်ပဲ လုံးဝအိမ်မှ မထွက်ခွာရပါ အောက်ပါအခြေအနေများတွင်သာ ထွက်ခွာခွင့်ရှိပါသည်
ဈေးဝယ်ခြင်း၊ အလုပ်သွားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း (တနေ့တခါထက်မပိုရ မိမိနေထိုင်သည့်ဒေသအပြင်မဟုတ်ရပါ)၊ ကလေးပြုစုရေးဌာနသို့သွားခြင်း (တရားဝင်ခွင့်ပြုထားသူမှအပ)၊ ကျန်းမာရေးကိစ္စအလို့ငှာ၊ ပညာရေးကိစ္စ ကလေးပြုစုစောင့်ရှောက်ရေးဌာနသို့ အကျုံးဝင်သူများသာ သွားခွင့်ရှိ
အခြားသူများနှင့်တွေ့ဆုံခြင်း
အိမ်အပြင်သို့ အခြားသူများနှင့်တွေ့ဆုံရန် ထွက်ခွာခြင်း မပြုလုပ်ရပါ။ အိမ်တွင်သာ အားကစားလုပ်ရန်။ ခွင့်ပြုချက်မရှိပဲ အခြားအရပ်ကသူများနှင့် မတွေ့ရ
National lockdown အတွက် အသေးစိတ် အချက်အလက်များ ဘယ်သူ့အတွက်ရည်ရွယ်ပါသလဲ? ပြည်သူတွေအတွက်ဖြစ်ပါတယ် ပြည်သူတွေကျန်းမာကြံ့ခိုင်ပြီး ရောဂါဝေဒနာ မကူးစက်စေဖို့ရည်ရွယ်ပါတယ်
ဘာတွေအထူးဂရုပြုဆောင်ရွက်ရမလဲ? လူ ၃ ဦးလျှင် ၁ ဦးသည် ရောဂါလက္ခဏာမပြပဲ ရောဂါပိုးတွေ့နေသည်ကို တွေ့ရှိရပါသည် ထို့ကြောင့် သင်သတိထားရမှာက “Hands. Face. Space “ ဖြစ်ပါသည်။
လက်…လက်ကိုရေနဲ့ဆပ်ပြာသုံးပြီး စင်ကြယ်အောင်ဆေးပါ စက္ကန့် ၂၀ အနည်းဆုံးကြာပါစေ။ မျက်နှာ… mask တပ်ပါ Face shield တပ်ပါ။ အကွာအဝေး…တစ်ယောက်နဲ့တစ်ယောက် ၆ ပေ (၂ မီတာ) ခွာနေပါ
အထူးဂရုစိုက်နေထိုင်ကြပါရန် UK အစိုးရ မှ သတိပေးထားပါသည်
စာကြွင်း…မြန်မာပြည်သူများအနေနှင့်လဲ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါမှ ကင်းဝေးစေဖို့အတွက် လိုက်နာရမည့်စည်းကမ်းများကို အထူးဂရုစိုက်လိုက်နာကြဖို့ သတိပေးနှိုးဆော်လိုက်ပါသည်
ဒေါက်တာခင်ခင်ကြီး