ဘဝဆိုတဲ့ ပင်လယ်ထဲမှာ လူသားအားလုံးကတော့ အမည်မတူတဲ့ ဒုက္ခဖောင်တွေကိုစီးရင်း ရုန်းကန်နေကြရသူတွေဖြစ်ပါတယ်။ ဒီအထဲမှာ အချို့ကတော့လှော်ရင်းနဲ့တက်ကျိုးခဲ့ကြသလို၊တချို့ကလည်းတက်ကျိုးပေမယ့်လက်ထိုးလှော်သူတွေရှိနေပါတယ်နော်။ တက်ကျိုးတာကိုပဲ စာဖွဲ့နေရင် ဘယ်လိုကမ်းကို ဆိုက်တော့မလဲ။ဒီအထဲမှာမှ ကိုကောင်းမြတ်ကတော့ ထူးထူးခြားခြား တစ်ယောက်ပါပဲ။
မွေးထားတဲ့မိခင်တွေက ဘုန်းကြီးကျောင်းမှာစွန့်ပစ်ခဲ့သလို ၊ ကိုယ်တိုင်ကလည်းရူးမိုက်တတ်တဲ့ ငယ်ရွယ်ချိန်မှာ ဘုန်းကြီးကျောင်းကထွက်ပြေးပြီး ဘဝကိုဘကုန်းကစလို့ ကြွယ်ဝလာတဲ့အထိ ရုန်းကန်ခဲ့ရတယ်။ သူ့ဘဝဟာဖတ်ဖူးနေကြတဲ့ ဝတ္ထုဇာတ်ကောင်ဆန်ပေမယ့်၊ ရုန်းကန်ရသူတွေအတွက်တော့ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တိုင်းဟာရသမမြောက်ခဲ့ပါဘူး။ ကျရှုံးခဲ့တယ် ၊ ကြိုးစားခဲ့တယ် ၊ အောင်မြင်ခဲ့တယ် ၊ ကိုကောင်းမြတ်ကတော့ အကောင်းဆုံး ကြိုးစားသူ တစ်ယောက်ပါပဲ။
သူ့စိတ်ဓာတ်ကို သူမောင်းတင်ရင်း ဘဝကို အရှုံးမပေးပဲ ဖြတ်သန်းခဲ့သူပါ။ သူ့ရဲ့ လက်ကိုင်စကားကတော့( ဘယ်လောက်ရှာနိုင်ရှာနိုင် ၊ အသုံးစားရိတ်ကို ပုံမှန်သာ သုံးပြီး ၊ ပိုငွေအားလုံးကို စုဆောင်းလိုက်ပါ) တဲ့။ တကယ်ကောင်းတဲ့ စကားလေးပါနော်။သူ့ဘဝအစ နဲ့ လက်ရှိအခြေအနေကိုတော့သူကိုယ်တိုင်ပြောပြတာကို နားထောင်စေချင်ပါတယ်။ ပြီးရင်တော့ ကိုယ့်ဘဝနဲ့ချိန်ထိုးကြည့်ရင် ငါဘာလို့မအောင်မြင်တာလဲဆိုတဲ့ အချက်တွေကို ပြန်လည်ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ (၇) ရက်သားသမီးအားလုံးကျန်းမာအောင်မြင်ကြပါစေ။
UNICODE