ဘယ်လို ပင်ကိုအရည်အချင်းတွေကို သင်ဟာ ဖုံးကွယ်ထားလဲ… (တစ်ကတ်ရွေးပါ)
ကတ် (၁)
ပထမဆုံးကတ်ကို ရွေးချယ်ခဲ့တာကို ကြည့်ပြီး ခန့်မှန်းရသလောက် သင်က အလွန် အေးဆေးပြီး တည်ကြည်မျှတတဲ့သူဖြစ်တယ်။ ဒီလို စိတ်နေဟန်ထားကို ပြောင်းလဲပစ်ဖို့ကလည်း သင့်အတွက် အလွန်ခက်ခဲပါတယ်။
ဒီတစ်ခုခုကို ဆုံးဖြတ်ပြီးရင် ဘာနဲ့မှ သင့်စိတ်ကို ပြောင်းလဲပစ်လို့ မရနိုင်ဘူး။ သင်က အထီးကျန်ဖြစ်တည်မှု၊ ခံစားမှုတွေ ခြောက်ခမ်းနေခြင်း စတာတွေကို မနှစ်မြို့ဘူး။
ဒါတွေကို ဂရုတစိုက်နဲ့ ဖုံးကွယ်ထားဖို့ ကြိုးစားနေသော်လည်း သူများတွေ သိသွားမှာကို မလိုလားဘူး။ သင့်ကို လူတွေက ဘာလို့ လာလာ ပတ်သက်ဆက်ယှက်နေတာလည်းဆိုတာရဲ့ အကြောင်းပြချက်တွေကို အမြဲမပြတ် ဖွေရှာနေတတ်တယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို ဖုံးကွယ်ထားတတ်တဲ့အတွက် ရေရှည်အချစ်ရေးတွေကို တည်ဆောက်ဖို့ သင့်အတွက် အလွန်ခက်ခဲပါတယ်။
ကတ် (၂)
သင်က အရမ်း စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ပြီး စိတ်ခံစား လှုပ်ရှားလွယ်သူဖြစ်တယ်။ စစချင်းမှာတော့ လူတွေက ဒါကို သတိပြုမမိနိုင်ကြဘူး။
သူက သင့်ရဲ့ ဒေါသနဲ့ ခံစားမှုတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို လူတွေနဲ့ ပုလဲနံပသင့်အောင် နေဖို့ခက်ခဲကြောင်း နားလည်းပြီတဲ့နောက် ကျင့်ကြံနေတဲ့ သူဖြစ်တယ်။
အချစ်ရေးပတ်သက်မှုတွေက သင့်အတွက် တည်ဆောက်ဖို့ ခက်ခဲ့တာကြောင့် တစ်ခါတစ်လေ ဒီလောကကြီးနဲ့ သင်က ရန်ဘက်တွေလားလို့တောင် ထင်နေတတ်သူဖြစ်တယ်။
ကတ် (၃)
သင်က အလွန်နှိမ့်ချတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး ပြောင်းလဲမှုတွေကို မနှစ်သက်ဘူး။ ဒါကြောင့် အခြေအနေအသစ်တွေနဲ့ ကြုံရတဲ့အခါ သင့်အတွက် အခက်အခဲတွေရှိနိုင်တယ်။ ကိုယ့်စည်း၊ ကိုယ့်ထုံးစံနဲ့ပဲ နေတယ်။ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေနဲ့ ကိုယ့်စိတ်ကို ချုပ်နှောင်ထားခံရမှာစိုးတာကြောင့် ပတ်သက်ဆက်နွှယ်မှုတွေကို တည်ဆောက်ဖို့ ကြောက်တယ်။
credit
ကတ် (၁)
ကတ် (၂)
ကတ် (၃)
credit