နိုင္ငံတကာသတင္း

ခရီးသည်တွေကို ထမ်းပိုးရင်း အမောဆို့ ကွယ်လွန်သွားတဲ့ ၁၈ နှစ်အရွယ် သနားစရာ ဆင်ကလေးရဲ့ အဖြစ်

ကျနော်တို့ အာရှတိုက်မှာ ရှိတဲ့ ဆင်တွေရဲ့ သက်တမ်းဟာ နှစ် ၆၀ လောက်ရှိပါတယ်…. ဒါဟာ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘဲ သာမန်ဆင်တစ်ကောင်ရဲ့ ပျှမ်းမျှအသက်ဖြစ်ပါတယ်…ဒါပေမဲ့ လူတွေရဲ့ ခိုင်းစေမှုကြောင့် ပင်ပန်းဆင်းရဲဒဏ်ခံရတဲ့ ဆင်တွေကတော့ နှစ် ၆၀ မတိုင်ခင် ငယ်ငယ်နဲ့ပဲ သေဆုံးရရှာတာပါ…ခုလည်းပဲ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆင်ငယ်လေးဟာ လူတွေရဲ့ မတရားခိုင်းစေမှုကြောင့် ပင်ပန်းပြီး သေဆုံးခဲ့ရရှာပါတယ်…အတော်ငယ်သေးတဲ့ အရွယ်မှာ သေရတယ်ဆိုတော့ ဘယ်လောက်တောင် ခိုင်းခံရသလဲဆိုတာ ပရိသတ်ကြီးတို့ပဲ စဉ်းစားကြည့်ပါ…

ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က Kanakota လို့ခေါ်တဲ့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဆင်လေးဟာ ခရီးသွားဧည့်သည်တွေကို အလီလီအခါခါ ပို့ဆောင်ပေးခဲ့ရတာကြောင့် ပင်ပန်းပြီး အမောဆို့ သေဆုံးခဲ့ရပါတယ်…India Times ရဲ့ သတင်းအရ အဆိုပါဆင်လေးဟာ ဘုရားပွဲမှာလည်း လိုက်ပါလှည့်လည်ပို့ဆောင်ခဲ့ရတဲ့အပြင် တစ်ရက်တည်း ခရီးသွားဧည့်သည်တွေကို ၃ ခေါက် ပို့ခဲ့ရတာကြောင့် နောက်ဆုံးအခေါက်မှာတော့ ပင်ပန်းပြီးတော့ လဲကျသွားခဲ့ရာကနေ ပြန်မထလာနိုင်တော့ပဲ သေဆုံးခဲ့တာပါ….

အဲဒီဆင်လေးဟာ ၄ နှစ်လုံးလုံး ခရီးသည်တွေကို တစ်နာရီကြာခရီးစဉ်ဖြစ်တဲ့ ရှေးဟောင်းခံတပ်တွေဆီ လိုက်ပါပို့ဆောင်ပေးခဲ့ရပြီးတော့ ကျောကုန်းပေါ်မှာလည်း ထိုင်ခုံတွေ လေးလံတဲ့ အရာတွေ သယ်ဆောင်ပေးခဲ့ရတာပါ…၄ နှစ်လုံးလုံးလုပ်ခဲ့ပြီးချိန် ခုတစ်ခေါက်မှာတော့ ခုလို ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားခဲ့ရရှာပါတယ်…

ဆင်တွေဟာ သနားဖို့ကောင်းတဲ့ သတ္တဝါတြွေဖစ်ပါတယ်…ခုလို ခရီးသည်ဝန်ဆောင်မှုပေးတာတွေ သစ်ဆွဲရတာတွေ စတဲ့ ပင်ပန်းတဲ့အလုပ်တွေကြောင့် သူတို့ရဲ့ အားအင်တွေဟာ တဖြည်းဖြည်းကုန်ဆုံးခဲ့ရရှာပါတယ်…ဒီကြားထဲ ခိုင်းတာမလုပ်ရင်ချွန်းနဲ့ အုပ် နှိပ်စက်ခံရတာတွေကလည်း သူတို့ကို ပိုမိုနာကျင်စေပါတယ်…

ခုအဖြစ်အပျက်လေးကြောင့် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေဟာ ဆင်တွေကို ခရီးသွားတွေ စီးနင်းလှည့်လာတာတွေကို မရပ်မချင်း ခုလိုသနားစရာအဖြစ်အပျက်တွေ ဖြစ်နေအုံးမယ်လို့ ဆိုပါတယ်..အဲတာကြောင့် ပရိသတ်ကြီးတို့လည်း ဆင်တွေကို စီးတော့မယ်ဆိုရင် ဒီအဖြစ်အပျက်လေးကိုကြည့်ပြီး စာနာပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်နော်…

HW (Shwe Yaung Lan)/WorldofBuzz