ပြည်တွင်းသတင်း

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြိတ်အကျဥ်းထောင်က အလှမယ်ပြိုင်ပွဲ

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြိတ်အကျဥ်းထောင်က အလှမယ်ပြိုင်ပွဲ

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အုတ်ရိုးများနောက်ကွယ်က အကျဉ်း သူများ၏ အလှမယ်ရွေးပွဲကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ပျော်ရွင်ခြင်း၊ လွတ်လပ်ခြင်း တို့၏ အရသာကို ခံစားစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ အုတ်ရိုး များနောက်ကွယ်က အကျဉ်း သူများ၏ အလှမယ်ရွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှုး ဦးစောမိုးရွှေ နှင့် တာဝန်ရှိသူ များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ပြိုင်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆု၊ဒုတိယဆု၊တတိယ ဆုရသူများ အား ဆုချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

၄-၁-၂၀၂၁ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြိတ်အကျဥ်းထောင် အမျိုးသမီးထောင်ကျဆောင်မှ လွတ်လပ်ရေးမယ်ရွေးပွဲ အကျဥ်းဦးစီး ရဲ့ ပြုပြင်ပြောင်းလဲရေး မှတ်တိုင်အသစ်တခုပါ။

ထောင်ကျနေပေမယ့် စိတ်ဓာတ်မသေအောင် Depression မဝင်အောင် ဘဝအသစ် စနိုင် မျှော်လင့်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ ပွဲလေး ဘယ်နေရာရောက်ရောက် ဘယ်ဘဝရောက်ရောက် ဘယ်အခြေအနေရောက်ရောက် စိတ်ဓာတ်မကျဖို့ အဓိကပါပဲ။ (ခိုင်မြဲကျော်ကျော်)