Uncategorized

ကမ္ဘာပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားကမှတ်ပုံတင်အတည်ပြုလိုက်ပြီး သမ္မတပူတင် ၏သမီးမှာပင် ကာကွယ်ဆေးထိုးနှံထားခဲ့ပြီဟု သိရ

==============================================

ရုရှားနိုင်ငံထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရားဝင်အသုံးပြုနိုင်ဖို့အတွက် မှတ်ပုံတင်လိုက်ပြီဖြစ်ကာ သူ့သမီးမှာတောင် ကာကွယ်ဆေးထိုးနှံထားခဲ့ပြီလို့ ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ နိုင်ငံတကာပညာရှင်တွေက သံသယတွေရှိနေကြဆဲဖြစ်ပေမယ့် ရုရှားနိုင်ငံက ယနေ့ ဩဂုတ်လ ၁၁ ရက်မှာပဲ ကာကွယ်ဆေးအသုံးပြုဖို့အဆင်သင့်ဖြစ်ပြီလို့ ကြေညာထုတ်ပြန်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တရားဝင်မှတ်ပုံတင်တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်လာခဲ့တာပါ။

ဒီကာကွယ်ဆေးအတွက် မဖြစ်မနေလုပ်ရတဲ့ စမ်းသပ်စစ်ဆေးမှုအဆင့်တွေကို လုပ်ဆောင်ထားပြီးတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ခုခံကာကွယ်မှုအစွမ်းထိရောက်မှုကိုပါ သက်သေပြထားခဲ့ပါပြီလို့ သမ္မတပူတင်က ဆိုပါတယ်။

ကာကွယ်ဆေးစိတ်ချရမှုနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိနေကြပေမယ့်လည်း ဩဂုတ်လ၁၁ရက်မှာ ပြုလုပ်တဲ့ အစိုးရအစည်းအဝေးမှာတော့ သမ္မတပူတင်က ကာကွယ်ဆေးက အပြည့်အဝေစိတ်ချရမှုရှိပြီး သူရဲ့ သမီးတစ်ယောက်မှာတောင် ကာကွယ်ဆေးထိုးထားခဲ့ပြီလို့ ပြောကြားခဲ့တာပါ။

သူ့သမီးက ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ခဲ့ပြီး ကာကွယ်ဆေးနှစ်လုံးထိုးထားခဲ့ပြီဖြစ်ကာ နေကောင်းကျန်း မာနေတယ်လို့ သမ္မတပူတင်က ဆိုပါတယ်။

သမ္မတပူတင်က သူ့သမီးတစ်ယောက်လို့သာဖော်ပြထားခဲ့ပြီး သူ့သမီးတွေဖြစ်တဲ့ မာရီယာလား၊ ကက်ထရီနာ လားဆိုတာကိုတော့ အတိအကျထုတ်မပြောခဲ့ပါဘူး။
ကာကွယ်ဆေးထိုးနှံမှုအတွက် ပထမအသုတ်အနေနဲ့ ရုရှားကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အခြားသောကူးစက်နိုင်ခြေများတဲ့အုပ်စုတွေထဲက စေတနာ့ဝန်ထမ်းပူးပေါင်းဆောင်ရွက်သူတွေမှာ ထိုးနှံမှုစတင် သွားမယ်လို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။

စက်တင်ဘာလကစတင်ကာ ကာကွယ်ဆေးအများအပြားထုတ်လုပ်သွားမှာဖြစ်ပြီး လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးဖို့ကိုတော့ အောက်တိုဘာလအစောပိုင်းမှာ စတင်သွားနိုင်မယ်လို့ ရုရှားအာဏာပိုင် တွေက ဆိုပါတယ်။

(ABC News, 11.8.2020) သံသာ

Unicode