ဗီဇပြောင်းကိုဗစ်အသစ်နဲ့ လက်ရှိမြန်မာနိုင်ငံ အခြေအနေကို ဒေါက်တာခင်ခင်ကြီးပြောပြီ
ဒီရက်ပိုင်းမှာ စာတွေပိုဖတ်ဖြစ်ပါတယ်။
ကိစ္စတွေကလည်း အချိန်နဲ့အမျှ အများကြီးပြောင်းလဲနေတာဆိုတော့ ကိုယ်ပိုသိလေ အများလည်းအကျိုးရှိအောင် အသိပေးခြင်တာလည်း ပါပါတယ်။
ဗီဇပြောင်းပိုးရဲ့ နောက်ထပ်တွေ့ရှိတဲ့ အကြောင်းအခြင်းရာတွေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို ထပ်မံဝေမျှလိုက်ပါတယ်။
ခုစာရေးနေတဲ့အချိန် (၄.၁.၂၀၂၁) နေ့လယ် (၃)နာရီအချိန်အထိ ဗီဇပြောင်းပိုးတွေ့ရှိတယ်ဆိုတဲ့နိုင်ငံ (၃၅) နိုင်ငံရှိသွားပြီဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲက စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ ပါဝင်နေတာကိုတွေ့ရပါတယ်။
ထိုင်းနိုင်ငံတွင်လည်း အဂ်လန်အရှေ့တောင်ဘက် kent မှလာသော မိသားစုဝင် (၄) ယောက်တွင် ဗီဇပြောင်းပိုးတွေ့ရှိရကြောင်း ယမန်နေ့က Thai PBS World News တွင်ဖော်ပြထားသည်ကိုတွေ့ရပါသည်။
ထို့ကြောင့်ထိုင်းတွင်ရှော့ပင်မောလ်များကို ယနေ့ (၄.၁.၂၀၂၁) ည ၉ နာရီမှစ၍ ပိတ်ထားရန် ညွှန်ကြားထားပါသည်။
BBC News ရဲ့ (၂.၁.၂၀၂၁) ထုတ်ပြန်ချက်အရ ဗီဇပြောင်းပိုသည် ၁.၇ ဆ ကူးစက်မြန်သည်ကိုတွေ့ရှိရပါတယ်။
အစပိုင်းတွေ့ရှိချက်အရ အသက် ၂၀ အောက်ကလေးတွေမှာ ကူးစက်မှုပိုမို ဖြစ်ပွားသည်ဆိုသော်လည်း ယခုနောက်ဆုံးသုတေသနတွေ့ရှိချက်အရ ကလေးတွေသာမက အသက်အရွယ်အားလုံး ကူးစက်ဖြစ်ပွားမှု မြန်ဆန်ကြောင်းတွေ့ရသည်ဟု ဗီဇပြောင်းပိုး စူးစမ်းလေ့လာသည့် သုတေသနအဖွဲ့မှ အဖွဲ့ဝင်Prof Gandy ကပြောကြားခဲ့ပါသည်။
အစပိုင်းတွင် ကလေးတွေမှာ ပိုးတွေ့ခဲ့ရသည်ဟု ထင်မြင်ရသည့် အကြောင်းအခြင်းရာကို စေ့ငုရလျှင် ဒေတာတွေကောက်ယူသောအချိန်သည် အဂ်လန်တွင် လော့ဒေါင်းအမိန့်ထုတ်ပြန်ထားသော နိုဝင်ဘာလဖြစ်ပြီး လူကြီးများ၏ လုပ်ရှားမှုများမရှိသလောက် ဖြစ်ချိန်ဖြစ်ခြင်း ကျောင်းများကိုဖွင့်လှစ်ထားချိန်ဖြစ်သဖြင့် ရုတ်တရက်ကလေးများတွင် ဖြစ်ပွားမှုများသည်ဟု ထင်မြင်ရခြင်းသာဖြစ်ပါသည်။
အဆိုပါဗီဇပြောင်းပိုးကူးစက်ခံရသော ရောဂါဖြစ်ပွားသူတွင် ရောဂါပိုမိုဆိုးဝါးခြင်း သေဆုံးခြင်းနှင့်ပတ်သက်သော အထောက်အထားမသိရှိရသေးပါ။
လက်ရှိထွက်ပေါ်နေသော ကာကွယ်ဆေးများ၏ အာနိသင်ကို လျော့ကျစေနိုင်ကြောင်း မတွေ့ရိရသေးပါ။ဆက်လက်သုတေသန လုပ်ဆောင်နေဆဲဖြစ်ပါသည်။
လက်ရှိအချိန်တွင်လည်း တကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူ ၈၅ သန်းကျော်ရှိနေပြီးသေဆုံးသူလည်း ၁၈ သိန်းခွဲရှိနေပြီဖြစ်ပါသည်။
ယူကေတွင် နေ့စဥ်ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဖြစ်ပွားသူတစ်ရက်အတွင်း၅သောင်းခွဲကျော် ရှိနေပြီး သေဆုံးသူ ၅၀၀ နီးပါးရှိနေသည်မှာ သတိပြုစရာ ဖြစ်ပါသည်စုစုပေါင်းဖြစ်ပွားသူ ၂၇ သိန်းနီးပါးရှိပြီးသေဆုံသူစုစုပေါင်း ၇ သောင်းခွဲကျော် (၇၅၁၃၇) ရှိနေပြီ ဆိုသည်ကို တွေ့ရိရမှာဖြစ်ပါသည်။
နွေးကြည့်လိုက်ပါ၊ မိမိတို့နိုင်ငံ အဆိုပါအခြေအနေမျိုးဆိုလျှင် မည်မျှအထိတောင့်ခံနိုင်ပါမည်နည်း။
လက်ရှိအချိန် (၃.၁.၂၀၂၁) ည ၈ နာရီအချိန်အထိ စုစုပေါင်းပိုးတွေ့လူနာ (၁၂၆,၃၄၅) ဦးရှိနေပြီး အဆိုပါပိုးတွေ့လူနာများ၏ ၈၇ % ဖြစ်သည့် ၁သိန်း ၁သောင်းနီးပါ ကုသပျောက်ကင်းနိုင်ပြီးဖြစ်ပြီး သေဆုံးသူ (၂,၇၂၈)ဦ(သေဆုံးနှုန်း ၂.၁၆%) ရှိနေသည်ကို တွေ့ရမှာ ဖြစ်ပါသည်။
ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၂၁ ဒေတာများအရ သေဆုံးသူများ၏ ၅၉ %သည် အမျိုးသားများဖြစ်ပြီး အောက်တိုဘာလအတွင်း သေဆုံးမှုအများဆုံး (၉၂၅) ဦးရှိပါသည်။
သေဆုံးသူအများဆုံ အသက်အရွယ်မှာ ၆၁.၇၅နှစ်အရွယ်ဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ ၄၄% (၁,၁၈၅)ဦးရှိပါသည်။
ဖြစ်ပွားလျှင် အသေနိုင်ဆုံး အသက်အရွယ်မှာ ၇၅ နှစ်အထက်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၁%ရှိသဖြင့် အဆိုပါ အသက်အရွယ်၌ ၅ ယောက်ဖြစ်လျှင် တစ်ယောက်သေနိုင်သည့် အဓိပ္ပါယ်ဖြစ်ပါသည်။
သေဆုံးပြီးမှ ဆေးရုံရောက်လာသူ ၁၀% ရှိပြီး ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းသေဆုံးသူ ၂၁% ရှိနေသဖြင့် ၃၁%သည် နောက်ကျပြီးမှ ရောက်လာသည်ဟု သတ်မှတ်ရမှာ ဖြစ်ပါသည်။
ထို့ကြောင့် ဆေးရုံသို့စောစောရောက်လာရန်သည်လည်းအရေးကြီးပြီး သေဆုံးမှုကျစေရန် အဓိကအကြောင်းတစ်ချက်ဖြစ်ကြောင်း သိစေအပ်ပါသည်။
နောက်ခံရောဂါရှိသူများတွင် သေဆုံးမှု ၈၄.၄%ရှိသော်လည်း ပြန်ကောင်းသက်သာလာသူအများကြီးရှိပါသည်။
ထို့ကြောင့်နောက်ခံရောဂါရှိသူများ စိတ်အားငယ်စရာမလိုပါ၊ မိမိဆရာဂါကို သေချုထိန်းကြောင်းပြီး ဂရုတစိုက်နေထိုင်မည် စည်ကမ်းတွေကိုလီုက်နာမည်ဆိုလျှင် သာမာန်လူကဲ့သို့ပင် ရောဂါဖြစ်ပွားကူးစက်မှာ နည်းမည်ဖြစ်ပါမည်။
ယခုထွက်ပေါ်နေသော အသစ်ဗီဇပြောင်းပိုးဖြစ်သည့် VOC 202012/1 (မျိုးဗီဇနွယ် B1.1.7)နှင့် 501.V2 သည်လည်း မြန်မာနိုင်ငံတွင် မတွေ့သေးပါကြောင်း ၃၀.၁၂.၂၀၂၀တွင် MOHS ပေ့ချ်တွင် ဖော်ပြထားပြီးဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားကူးစက်နေသောရောဂါပိုးသည် ကမ္ဘာပေါ်တွင်လက်ရှိဖြစ်ပွားကူးစက်မှုများနေသော D614G သာဖြစ်ပြီး ဗီဇပြောင်းလဲခြင်းတချို့ Q57H တွဲလျက်ရှိကြောင်း မျိုးဗီဇနွယ် (B.1.36)ဖြစ်ကြောင်း ဖော်ပြထားပါသည်။
လက်ရှိအချိန်တွင်လည်း ဂရိတ်၊ ဗြိတိန်၊ယူကေ၊ စကော့တလန်၊ဝေလ နှင့် မြောက် အိုင်ယာလန်မှ လာသောသူများကို ဇန်နဝါရီ ၁ ရက် ၂၀၂၁ မှစပြီး ပြည်ဝင်ခွင့်ယာယီကန့်သတ်ထားပြီး ကျန်နိုင်ငံများမှ ဝင်ရောက်လာသူများကိုလည်း Q နှစ်ပတ်ထားရှိပြီး PCR နှစ်ကြိမ်စစ်ဆေးမည်ဖြစ်ပါသည်။
ဆေးသုတေသနဦးစီးဌာနမှလည်း မျိုးဗီဇနွယ် (lineage) စစ်ဆေးခြင်း မျိုးဗီဇဆင်တူမှုကို စစ်ဆေးခြင်း (genetic Clade)တို့ကိုဆက်လက်စစ်ဆေးလျက်ရှိပါသည်။
ထို့ကြောင့် အချုပ်အနေနှင့်ဆိုရလျှင် ဗိုင်းရပ်စ်မည်သို့ပင် ပုံဖျက်ရုပ်ပြောင်းနေစေကာမူသူရဲ့ပကတိအနေအထားနဲ့ ပျော့ကွက်ဟာကွက်ကို သိရှိပြီးဖြစ်တဲ့အားလျော်စွာ ပြည်သူမများအနေဖြင့် ယခုလက်ရှိရရှိထားသည့် အခြေအနေကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ရေနှင့်ဆပ်ပြာနဲ့ လက်ဆေးခြင်း mask တပ်ခြင်း လူအုပ်စုရှောင်ခြင်း ဝေးဝေးနေခြင်းကို တစက်ကလေးမှ အရှိန်အဟုန်မလျှော့ချပဲ အင်တိုက်အားတိုက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း ထပ်လောင်းသတိပေးအပ်ပါသည်။
မြန်မာပြည်သူအားလုံး စည်ကမ်းတွေကို အတိအကျလိုက်နာခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဘေးမှ မိသားစုလိုက်ကင်းဝေးကြပါစေ။ ကမ္ဘာသူ ကမ္ဘာသားတွေလည်း ကပ်ရောဂါကို အမြန်ဆုံးကျော်လွှာအောင်မြင် နိုင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဒေါက်တာခင်ခင်ကြီ