ဘရာဇီးဂန္ထဝင်ကစားသမားရော်နယ်ဒင်ဟိုဟာ၂၀၂၀ခုနှစ်မှာဆိုးရွားတဲ့ဘဝအတွေ့အကြုံများနှင့်ရင်ဆိုင်ခဲ့ရပြီး နောက်ဘဝကိုပြောစမတ်တွင်လောက်အောင်ပြောင်းလဲပစ်လိုက်ပါတယ်။
အသက်၄၀နှစ်ရှိဘရာဇီးလက်ရွေးစင်ဟောင်းဟာပြီးခဲ့တဲ့နှစ်တုန်းကအစ်ကိုဖြစ်သူရောဘတ်တိုဒီအက်ဆစ်မိုရီရာနဲ့အတူပါရာဂွေးသို့ပတ်စ်ပို့အတုဖြင့်ဝင်ရောက်မှုအတွက်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ရော်နယ်ဒင်ဟိုဟာပတ်စ်ပို့တုဖြင့်ဝင်ရောက်မှုကြောင့်ထောင်ချခံရမယ့်အရေးနဲ့ရင်ဆိုင်ခဲ့ရပြီးဩဂုတ်လမှာတော့ ဒဏ်ကြေးသဘောတူညီမှုရရှိကာပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။
ရော်နယ်ဒင်ဟိုနှင့်အစ်ကိုဖြစ်သူတို့ဟာဒဏ်ငွေဒေါ်လာ၉၀၀၀၀နှင့်ဒေါ်လာ၁၁၀၀၀၀အသီးသီးပေးဆောင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာရော်နယ်ဒင်ဟိုဟာ၂၀၂၀ခုနှစ်အတွင်းမှာဘရာဇီးအစိုးရသို့ပေးရန်ရှိတဲ့အခွန်ကြွေးကျန်များမပေးမှုကြောင့်ပိုင်ဆိုင်မှုများအသိမ်းခံခဲ့ရတဲ့အပြင်ဘဏ်စာရင်းထဲမှာ၅ပေါင်သာကျန်တော့တဲ့အထိအခြေအနေဆိုးရွား သွားခဲ့ပါတယ်။
ဒါပေမယ့်ရော်နယ်ဒင်ဟိုဟာထောင်ကျခံခဲ့ရပြီးနောက်လူနေမှုဘဝပုံစံအကြီးအကျယ်ပြောင်းလဲလာခဲ့ပြီးလူကောင်းတစ်ဦးလိုနေထိုင်ပြုမူလာခဲ့ကြောင်းသိရပါတယ်။သူဟာအရင်တုန်းကပါတီတိုင်းသို့တက်ရောက်ကာဘဝကိုလူ ပေတစ်ဦးလိုအချိန်ဖြုန်းတီးနေခဲ့ပေမယ့်ယခုအခါမှာတော့ငွေကိုကြိုးစားရှာဖွေလာကြောင်းသိရပါတယ်။
Dario AS ရဲ့ဖော်ပြချက်အရ ရော်နယ်ဒင်ဟိုဟာထောင်မှလွတ်မြောက်လာပြီးနောက်လေးလအတွင်းမှာဘဲပေါင် ၇၀၂၄၀၇အထိရှာဖွေနိုင်ခဲ့ကြောင်းသိရပါတယ်။သူဟာအက်သလက်တီကိုမီနိုင်ရိုကွင်းအားဖွင့်လှစ်ပေးခြင်း၊ဘီလိုဟိုရီဇုန်တီရဲ့ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ခန့်အပ်ခံရခြင်းတို့မှဝင်ငွေတိုးပွားလာပါဦးမယ်။
အခြားတစ်ဖက်မှာသူဟာစတီဒီယိုတစ်ခုဖွင့်လှစ်ခဲ့ပြီးဂီတလောကသို့ဝင်ရောက်ကာ ရက်ပါ Djonga ၊ Recayd Mob တို့နဲ့အတူ MTV တစ်ပုဒ်လည်းရိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင်သူဟာ R-ONE အမည်ရှိကိုယ်ပိုင်ဂျင်အရက်ကိုလည်းထုတ်လုပ်ရောင်းချလာပါတယ်။ယင်းမတိုင်မီသူဟာ Vino de Campeones အမည်ရှိ ဝိုင်ထုတ်လုပ်ရောင်းချခဲ့ပြီးလည်းဖြစ်ပါတယ်။
သူဟာကြော်ငြာများလည်းရိုက်ကူးကာငွေရှာဖွေလာတဲ့အပြင် FIFA 21 နှင့် Pro Evolution Soccer တို့မှလည်း ဝင်ငွေများစွာ ရရှိလာပါတယ်။
ဒါတင်မက သူဟာကိုယ်ပိုင် FIFA 21 အသင်းအဖြစ် R10 Team ကိုလည်း ဖန်တီးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ရော်နယ်ဒင်ဟိုအတွက် ပိုမိုစိတ်ဝင်စားတဲ့နှစ်ဖြစ်လာမယ့်နောက်တစ်ခုကတော့ ယခုနှစ်မှာ သူ့ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားထွက်လာမယ့်အချက်ဖြစ်ပါတယ်။
ZawGyi
ေထာင္နန္းေလးလစံျမန္းၿပီးေနာက္ ဘဝကို အႀကီးအက်ယ္ေျပာင္းလဲပစ္လိုက္တဲ့ေရာ္နယ္ဒင္ဟို
ဘရာဇီးဂႏၴဝင္ကစားသမားေရာ္နယ္ဒင္ဟိုဟာ၂၀၂၀ခုႏွစ္မွာဆိုး႐ြားတဲ့ဘဝအေတြ႕အႀကဳံမ်ားႏွင့္ရင္ဆိုင္ခဲ့ရၿပီး ေနာက္ဘဝကိုေျပာစမတ္တြင္ေလာက္ေအာင္ေျပာင္းလဲပစ္လိုက္ပါတယ္။
အသက္၄၀ႏွစ္ရွိဘရာဇီးလက္ေ႐ြးစင္ေဟာင္းဟာၿပီးခဲ့တဲ့ႏွစ္တုန္းကအစ္ကိုျဖစ္သူေရာဘတ္တိုဒီအက္ဆစ္မိုရီရာနဲ႔အတူပါရာေဂြးသို႔ပတ္စ္ပို႔အတုျဖင့္ဝင္ေရာက္မႈအတြက္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။
ေရာ္နယ္ဒင္ဟိုဟာပတ္စ္ပို႔တုျဖင့္ဝင္ေရာက္မႈေၾကာင့္ေထာင္ခ်ခံရမယ့္အေရးနဲ႔ရင္ဆိုင္ခဲ့ရၿပီးဩဂုတ္လမွာေတာ့ ဒဏ္ေၾကးသေဘာတူညီမႈရရွိကာျပန္လည္လြတ္ေျမာက္လာခဲ့ၾကပါတယ္။
ေရာ္နယ္ဒင္ဟိုႏွင့္အစ္ကိုျဖစ္သူတို႔ဟာဒဏ္ေငြေဒၚလာ၉၀၀၀၀ႏွင့္ေဒၚလာ၁၁၀၀၀၀အသီးသီးေပးေဆာင္ခဲ့ရပါတယ္။
အျခားတစ္ဖက္မွာေရာ္နယ္ဒင္ဟိုဟာ၂၀၂၀ခုႏွစ္အတြင္းမွာဘရာဇီးအစိုးရသို႔ေပးရန္ရွိတဲ့အခြန္ေႂကြးက်န္မ်ားမေပးမႈေၾကာင့္ပိုင္ဆိုင္မႈမ်ားအသိမ္းခံခဲ့ရတဲ့အျပင္ဘဏ္စာရင္းထဲမွာ၅ေပါင္သာက်န္ေတာ့တဲ့အထိအေျခအေနဆိုး႐ြား သြားခဲ့ပါတယ္။
ဒါေပမယ့္ေရာ္နယ္ဒင္ဟိုဟာေထာင္က်ခံခဲ့ရၿပီးေနာက္လူေနမႈဘဝပုံစံအႀကီးအက်ယ္ေျပာင္းလဲလာခဲ့ၿပီးလူေကာင္းတစ္ဦးလိုေနထိုင္ျပဳမူလာခဲ့ေၾကာင္းသိရပါတယ္။သူဟာအရင္တုန္းကပါတီတိုင္းသို႔တက္ေရာက္ကာဘဝကိုလူ ေပတစ္ဦးလိုအခ်ိန္ျဖဳန္းတီးေနခဲ့ေပမယ့္ယခုအခါမွာေတာ့ေငြကိုႀကိဳးစားရွာေဖြလာေၾကာင္းသိရပါတယ္။
Dario AS ရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒင္ဟိုဟာေထာင္မွလြတ္ေျမာက္လာၿပီးေနာက္ေလးလအတြင္းမွာဘဲေပါင္ ၇၀၂၄၀၇အထိရွာေဖြႏိုင္ခဲ့ေၾကာင္းသိရပါတယ္။သူဟာအက္သလက္တီကိုမီႏိုင္႐ိုကြင္းအားဖြင့္လွစ္ေပးျခင္း၊ဘီလိုဟိုရီဇုန္တီရဲ႕ဂုဏ္ထူးေဆာင္ႏိုင္ငံသားအျဖစ္ခန႔္အပ္ခံရျခင္းတို႔မွဝင္ေငြတိုးပြားလာပါဦးမယ္။
အျခားတစ္ဖက္မွာသူဟာစတီဒီယိုတစ္ခုဖြင့္လွစ္ခဲ့ၿပီးဂီတေလာကသို႔ဝင္ေရာက္ကာ ရက္ပါ Djonga ၊ Recayd Mob တို႔နဲ႔အတူ MTV တစ္ပုဒ္လည္း႐ိုက္ခဲ့ပါေသးတယ္။
ဒါ့အျပင္သူဟာ R-ONE အမည္ရွိကိုယ္ပိုင္ဂ်င္အရက္ကိုလည္းထုတ္လုပ္ေရာင္းခ်လာပါတယ္။ယင္းမတိုင္မီသူဟာ Vino de Campeones အမည္ရွိ ဝိုင္ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီးလည္းျဖစ္ပါတယ္။
သူဟာေၾကာ္ျငာမ်ားလည္း႐ိုက္ကူးကာေငြရွာေဖြလာတဲ့အျပင္ FIFA 21 ႏွင့္ Pro Evolution Soccer တို႔မွလည္း ဝင္ေငြမ်ားစြာ ရရွိလာပါတယ္။
ဒါတင္မက သူဟာကိုယ္ပိုင္ FIFA 21 အသင္းအျဖစ္ R10 Team ကိုလည္း ဖန္တီးခဲ့ပါတယ္။
၂၀၂၁ ခုႏွစ္က ေရာ္နယ္ဒင္ဟိုအတြက္ ပိုမိုစိတ္ဝင္စားတဲ့ႏွစ္ျဖစ္လာမယ့္ေနာက္တစ္ခုကေတာ့ ယခုႏွစ္မွာ သူ႔ အေၾကာင္း႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားထြက္လာမယ့္အခ်က္ျဖစ္ပါတယ္။