မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲက ဦးဗေဒါ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရစဉ်က သူတတ်စွမ်းတဲ့ ဆေးပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူပဲ အခမဲ့ ကုသပေးနေတဲ့သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ အသက် (၉၀) ကျော် အဖွားတစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ် ။
အသက်ရှင်ခွင့်လေး တစ်ရက်တာ လူဖြစ်ရကျိုး နပ်ခဲ့ရပြန်ပြီလေ ဒီနေ့အသက်၉၈နှစ်ရှိတဲ့ အမေကြီးရဲ့ထုံကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာများကိုပါရမီဖြည့် ကုသခွင့်ရခဲ့ခြင်းကြောင့် လည်းကောင်း ၊ ၇ ရက်သားသမီးများရဲ့ရောဂါဝေဒနာများကိုကုသပါရမီဖြည့်ရခြင်းကြောင့်လည်းကောင်း ၊ ဘုရားတည်ဖို့ရာလာရောက်ကာ ဆေးကုသမှုခံယူကြရင်း အလှူငွေများထည့်ဝင်သွားမှုများကိုလည်းကောင်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။
သာဓုအကြိမ်ကြိမ်ခေါ်ဆိုရင်း လူမျိုးမရွေးဘာသာမရွေး လူသားချင်းကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ ဒီဘဝ ၇ရက်သားသမီးများရဲ့ ထုံ ကျင် ကိုက်ခဲနေသောရောဂါဝေဒါများကိုသက်သာပျောက်ကင်းအောင် ကုသပြီးပါရမီဖြည့်ခွင့်လေးပေးပါတဲ့ ရတနာသုံးပါးအားဦးထိပ်ပန်ဆင်ကန်တော့ရင်း ဒီကနေ့လူဖြစ်ရကျိုးလေးနပ်ခဲ့ပြန်ပြီ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါသေးတယ် ။
Yaung Chi