တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီလေး ခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ထားပြီး တစ်ဖက်မှာလည်း မိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေအတွက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယုံကြည်အားထားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
စိတ်ထားလေးကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း သူမရဲ့ ဂေဟာက သားသမီးတွေနဲ့အတူတူ ရေစက်ချအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။ ခိုင်နှင်းဝေက “ဘဝတပါး ကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးအလှူရှင် များအား ရည်စူး၍ သံဃာ အပါး (၂၀၀)အား ဆွမ်း၊ ခဲဘွယ်၊ အလှုငွေ များ ကပ်လှု ပူဇော်ခြင်း ကို ကျမ တို့ “ခိုင်” မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ မှ နှစ်ဦး အလှူ အဖြစ် ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့ပါတယ် ရှင်. ဆိုပြီး သူမတို့ မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။
ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးတွေနဲ့အတူတူ အလှူလုပ်ရေစက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ မိသားစုရဲ့ နှစ်ဦးအလှူလေးကို ထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်
Swelsone News