ပြည်တွင်းသတင်း

မိခင်မရှိတော့တဲ့ သခင်ရဲ့ သားလေးကို နို့တိုက်ရင်း သံယောဇဉ်ဖြစ်သွားတဲ့ နွားမကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မိခင်မရှိတော့တဲ့ သူ့သခင်ရဲ့ သားလေးကို နွားမကြီးက နို့တိုက်ရင်း သံယောဇဉ်ဖြစ်ပြီး တိရိစ္ဆာန်ဆိုပေမယ့် မိခင်စိတ်ရှိတဲ့ နွားမကြီးအကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးတစ်ယောက် ကို မွေးရင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အဲ့ဒီလို ဆုံးပါးသွားတော့ လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူခမျာ နို့ချိုတိုက်ကျွေးဖို့ အခက်ကြုံလာခဲ့ပါပြီ။

ဒီလိုနဲ့ပဲ တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာမွေးထားတဲ့ နွားမကြီးကလည်း နွားသaားလေးတွေ ပေါက်လို့ အဆင်သင့်စွာပဲ သားလေးအတွက်နို့ချိုတိုက်ကျွေးရမဲ့ ပြဿနာက ပြေလည်သွားခဲ့ပါတယ်။

ဒီလိုနဲ့နွားမကြီးနဲ့ သားလေးရဲ့ သံယော ဇဉ်ကြိုးလေးတွေဟာ တဖြည်းဖြည်း ခိုင်မြဲလာပြီး ၃ နှစ်ကျော်ကျော် အရွယ် ရောက်လာတဲ့ သားလေးက သူကိုယ် တိုင်ပဲ နွားမကြီးရဲ့နို့ရည်ကို သောက်စို့နိုင်ခဲ့ပါတယ်။

မူကြိုအရွယ်မို့ သားလေးကျောင်းသွားရင်လည်း ညနေရောက် တိုင်း နွားမကြီးက ကျောင်းရှေ့ကိုလာလာကြိုပေးတယ်။ တစ်ရက်မှာတော့ နွားမကြီးနဲ့သားလေးရဲ့ သံယောဇဉ်တွေ အဆက် ပြတ် မယ့်နေ့ရောက်လာခဲ့ရပါတယ်။

ညနေကျောင်းဆင်းချိန်လည်းရောက်ရော ပုံမှန်လာကြိုနေကြ နွားမကြီးက ရောက်မလာခဲ့ပါဘူး။ သားလေးခမျာ နွားမကြီးကိုမျှော်ရင်းနဲ့ အိမ်ကို တရွေ့ရွေ့ရောက်လာခဲ့ပြီး ရောက်ရောက်ခြင်းပဲ သားလေးကမေးပြီလေနွားမကြီးက ဘယ်ရောက်သွားလည်း အဖေဆိုတော့ မျက်နှာမကောင်းဖြစ်နေရှာတဲ့ဖခင်က ခုလိုပြန်ဖြေရှာပါတယ်သားလေးရဲ့နွားမကြီးရောင်းလိုက်ရပြီသားရယ်အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေ စိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်။

စားဝတ်နေရေးအတွက် အဖေဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့အဖေရောင်းလိုက်ရတာပါ သားရယ်တဲ့ ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သလိုဖြစ်မှာမို့ မရောင်းချင်ပေမယ့်လည်း မတတ်သာတဲ့နောက် နောက်ဆုံး ရွေးချယ်လိုက်ရတာပါတဲ့။

မိခင်တစ်ယောက်လို တွယ်တာခဲ့တဲ့သားလေး ငိုကြွေးရုံမှတပါး အခြားမရှိခဲ့ ဒီလိုနဲ့မစားမသောက်ပဲ အိပ်ယာထဲ လဲခဲ့ပြီပေါ့ သားအဖြစ်ကို မကြည့်ရက် မမြင်ရက်နဲ့ ၂ ရက်လောက်သော နံနက် ခင်းမှာ အိမ်ရှေ့က နွားအော်သံကြားရတော့ဖခင်ဖြစ်သူက အိမ်တံခါးဖွင့်ကြည့်ချိန် မျှော်လင့်မထားတဲ့မြင်ကွင်း ကြောင့် သားဖြစ် သူကို အိပ်ယာက နှိုးလို့ သားလေး ထကြည့်စမ်းပါဦးကွာဆိုပြီး သားဖြစ်သူက အိမ်ရှေ့ကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့လေ။

ရောင်းလိုက်တဲ့ နွားမကြီး အိမ်ရှေ့မှာ ဝယ်သူ ကိုယ်တိုင်လက်က ဆွဲပြီး ရောက်နေလို့ ဖခင်ဖြစ်သူကအကျိုး အကြောင်းမေးပါတော့တယ် ဝယ်သူက ပြန်ပြောပြလိုက်တာက ဒီနွားမကြီး အိမ်ရောက်တဲ့ နေ့ကတည်းက ဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ အစာလည်း မစားဘူး အော်နေတာ ညတိုင်းပဲ ဒါနဲ့အကြောင်းရင်းကို သိရအောင် ဒီပြန်ခေါ်လာတာပဲတဲ့ဗျာ။

ဒီလိုနဲ့ ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့ သားလေးရဲ့ အကြောင်းစုံရှင်းပြလိုက်တော့မှ ဝယ်သူက ဇာတ်ရည်လည်သွားပါတော့တယ် ။နောက်ပြီးတော့ ဝယ်သူကလည်းကျုပ် ဒီနွားမကြီးနဲ့ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါနဲ့တော့ ကျုပ် လှူပါတယ်။

မိခင်မရှိတော့တဲ့ သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့နို့ ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ဒီသားလေးဘဝ ရေဆက်ရှိသရွေ့ နေထိုင်ပါစေတော့ဗျာ ဆိုပြီး နွားမကြီးကို ထားခဲ့ပြီး ပြန်သွားပါတော့တယ်။

တိရစ္ဆာန်ပင်ဖြစ်ပါစေ မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေ မေတ္တာတရား ထားတတ်မှုတွေဟာ ကျွန်တော်တို့လူသားက ပိုလို့တောင် ရှိသင့်ပါတယ်။

ကျင်လည်ရတဲ့လူ့ဘဝ ခဏလေးမှာ တစ်ဦးအပေါ်တစ်ဦးအပြန် အလှန် နားလည်မှုတွေ စာနာမှုတွေ မေတ္တာတရားတွေလွှမ်းခြုံပါသော လူ့အသိုက် အဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမှာအမှန်ပါပဲလေ။

crd