ကျန်းမာရေး ပြည်တွင်းသတင်း

ဝေဘာဂီဆေးရုံကြီးရှိ ကိုဗစ်ကလေးလူနာအားလုံး ဆေးရုံဆင်းပြီ

ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူရတဲ့ COVID ကလေးလူနာ(၂၀) ဦး သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီလို့ ဝေဘာဂီ ဆေးရုံကြီးကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ခင်ထား ကပြောပါတယ်။ဆေးရုံ ဆင်း ကလေးလူနာတွေဟာ နောက်ဆက်တွဲ လာရောက်ပြသနေပြီး ကျန်းမာ ရေး အခြေအနေကောင်းမွန်နေ တယ်လို့ဆိုပါတယ်။

ကူးစက်မြန်ဗီဇပြောင်း COVID ဗိုင်းရပ်စ်ပိုးဟာ ကလေးငယ်တွေကို ပိုမိုကူးစက်နိုင်တဲ့အတွက် ကလေးရှိတဲ့မိဘ တွေအနေနဲ့ COVID မကူးအောင်ဦးစွာနေထိုင်ကြဖို့လိုတယ်လို့ ဒေါက်တာ ခင်ခင်ထားကပြောပါတယ်။

” ကလေးတွေက flow up နောက်ဆက်တွဲ လာပြတာတွေလာတယ်။ကလေးတွေက ရက်ချိန်းအတိုင်း လာပြတယ်။ လာတော့ ကောင်းပါတယ်။ အေးအေးဆေးဆေးပါပဲ သူတို့တွေက။ ပထမဦးဆုံး ဗီဇကလည်း ပြောင်းခဲ့ပြီးသားပဲ လေ။ ပထမလှိုင်းတုန်းကတစ်မျိုး (D) ပေါ့။ ဒုတိယလှိုင်းမှာ ဗီဇပြောင်းလာတယ်။

အဲဒါကတော့ ရခိုင်ပြည်နယ်က နေ အစ်မတို့ဆီ ရောက်လာတာ။ ဗီဇပြောင်းပြီးသား (G) ဟာလည်း အစ်မတို့ဆီ ကူးစက်ပြီးသားပေါ့နော်။ အခုလည်းဗီဇပြောင်း (SAR-CoV-2 ) တယ်ဆိုရင် အဲဒီ့ပုံစံအတိုင်းပဲ ကူးစက်မှာ။ကူးစက်တယ်ဆိုတာက လူလူချင်းကူး တယ်။ လူကြီးကတစ်ဆင့် ကလေးကိုကူးမယ်။ ကလေးကိုတော့ တန်းခုန်ပြီးတော့ မကူးဘူး။

အဲဒီတော့ လူကြီးတွေ သတိထားရမယ်။ လူကြီးတွေ မကူးရင်ကလေးတွေကို ရောက်မှာမဟုတ်ဘူး။ ရိုးရိုးပုံမှန်ကူးတဲ့ အတိုင်းပဲ လူကြီးက ကူးသွားရင်ကလေးကို ကူးသွားမှာပဲလေ” လို့ဒေါက်တာ ခင်ခင်ထားက သတိပေးပြောကြားပါတယ်။

COVID ကူးစက်ခံရတဲ့ ကလေးလူနာအများစုမှာ ရောဂါလက္ခဏာ သိပ်မပြ သလို သေဆုံးနှုန်းလည်း နည်းတယ်လို့ ဆိုပါတယ်။ COVID-19 နဲ့ပတ်သက်လို့ ဝေဘာဂီဆေးရုံကြီးမှာ COVID ပထမလှိုင်းတုန်းက ကလေးလူနာ ခြောက်ဦး၊ ဒုတိယ လှိုင်းမှာ ကလေးလူနာ (၂၀) ဦး ကုသပေးခဲ့တာပါ။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ COVID ပထမလှိုင်းမှာ ကလေးလူနာ ဆယ်ဂဏန်းသာရှိခဲ့ပြီး COVID ဒုတိယလှိုင်းမှာတော့ ကလေးငယ်တွေကို ကူးစက်မှု ပိုမိုများလာခဲ့ပါ တယ်။ ကလေးငယ်ထောင်ချီ ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါအခံကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ကလေးငယ်တွေလည်း ရှိတယ်လို့ ဒေါက်တာ ခင်ခင်ထားကပြောပါတယ်။

crd

ဝဘောဂီဆေးရုံကှီးမှာ ဆေးကုသမှုခံယူရတဲ့ COVID ကလေးလူနာ(၂၀) ဦး သကသြာပွောကကြငြးလို့ ဆေးရုံက ဆငြးသှားပှီလို့ ဝဘောဂီ ဆေးရုံကှီးကလေးအထူးကု ဆရာဝနကြှီး ဒေါကတြာခငခြငထြား ကပှောပါတယြ။ဆေးရုံ ဆငြး ကလေးလူနာတှဟော နောကဆြကတြှဲ လာရောကပြှသနပှေီး ကနွြးမာ ရေး အခှအနေကေောငြးမှနနြေ တယလြို့ဆိုပါတယြ။







crd