ပြည်တွင်းသတင်း

အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင်

အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင်မနေ့က 9.1.2021ရက် ည(10:30)အချိန်တွင်ရန်ကုန်ဘက်မှ မန္တလေးဘက်သို့အဆိုတော် သရုပ်ဆောင် Exampleကိုထွန်းထွန်းမောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည်။

အမြန်လမ်းမိုင်တိုင် 226အရောက်အတက်အဆင်း လမ်းပျောက်သည့်နေရာတွင်(ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအား…

အမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်ကီလို ၁၀၀အရှိန်ဖြင့် ကိုထွန်းထွန်းမောင်းနှင်လာသောယာဉ်မှာ သစ်လုံးကိုရသလောက်ရှောင်တိန်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲတိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့အမြန်လမ်း မိုင်တိုင် 230 အရောက်တွင်ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။

ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီးမနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့်လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်းဖုန်းဆက်အကူအညီတောင်းလာပါသဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ်သွားရောက်ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့်အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီးမောင်းမရတော့သည့်ယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး ကိုထွန်းထွန်း ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်းအမြန်လမ်းပေါ်တွင် လူသားချင်းကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက်အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြတယ်ဆိုတာ သတိပေးရင်း

အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသောမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့်လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်

မိတ္ထီလာမြို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မျိုးဆက်သစ်မြတ်ပါရမီအသင်း

09799204106

09402684996

*K3*သွေးသစ္စာထီလာမြေ

Kyaw Ko Ko