ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ် တိုင်အောင်မြို့(Tiaong)တွင် နေထိုင်သူ ကူရာဂျော့ ဘယ်လာမီနိုဆိုတဲ့ မသန်းစွမ်းလူတစ်ယောက်ဟာ သူရဲ့ သုံးဘီးဆိုင်ကယ်လေးနဲ့ ဟင်းသီးဟင်းရွက်တွေကို လိုက်လံရောင်းချတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
မသန်မစွမ်းတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်လာမီနိုဟာ မိသားစုကို တက်နိုင်သလောက်ဈေးရောင်းချပြီးရှာကျွေးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
မသန်မစွမ်းဖြစ်နေတဲ့ လူများဟာ သာမန်လူကောင်းတွေထက် အခက်အခဲနဲ့ ပိုရင်းနှီးကျပြီး သူတို့ဘဝရဲ့ အခက်အခဲတွေကို အမှုမထားဘဲ ဘဝရပ်တည်ဖို့ အတွက် အပတ်တကုတ်ကြိုးစာတဲ့ သူများဖြစ်ကြပါတယ်။
သို့ပေမဲ့ ငွေရဖို့အတွက် ဒုက္ခိတများကိုပင် ဓားပြတိုက်တဲ့ သူတွေရှိကြပြီး ၂၀၁၄ ခုနှစ်တုန်းက ဘယ်လာမီနို ကို လူ ၃ ယောက်က ဈေးဝယ်မည့်ဟန်နှင် သုံးဘီးဆိုင်ကယ်ကို တားခဲ့ပြီး ဓားပြတိုက်ခဲ့ကြတဲ့ အပြင် ဆေးရုံရောက်အောင် ရိုက်နှက်ထားခဲ့ပါတယ်။
သူရဲ့ ဒုက္ခရောက်ခဲ့ပုံကို ကြားသိခဲ့ရတဲ့ ပါတ်ဝန်းကျင်မှ လူများက ဘယ်လာမီနိုရဲ့ ဆေးဖိုးများအတွက် ငွေများလျှုဒါန်းပေးခဲ့ကြပြီး ဈေးပြန်လည် ရောင်းနိုင်ဖို့အတွက် အရင်းအနှီး ပြန်လည် မတည်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာခံနေရတဲ့ ဘယ်လာမီနိုဟာ ၂၀၁၅ ခုနှစ်မှာလည်း သူခိုး ခိုးခံခဲ့ရပါသေးတယ်။ကံဆိုးမှုတွေ ဆက်တိုက်ဆက်နေပေမဲ့ ဘယ်လာမီနိုဟာ သူဘဝရဲ့ အခက်အခဲ များအားလုံးကို ကျော်ဖြတ်ပြီး ဈေးပြန်ရောင်းချလျက်ရှိနေဆဲ ဖြစ်ပါတယ်။
ဘယ်လာမီနိုရဲ့ ဒူပေနာပေခံနိုင်မှု ဟာ ဖိလစ်ပိုင် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို အံ့အားသင့်စေခဲ့ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဘယ်လာမီနိုကို လေးစားကြောင်း ပြောဆိုခဲ့ကြပါတယ်။
” ဘယ်လာမီနိုရဲ့ ဘဝဟာ ကျွန်တော်တို့အတွက် စိတ်ဓာတ်ခွန်အားယူစရာဖြစ်ပြီး မသန်စွမ်းဖြစ်မှု က ဘဝရဲ့ ပန်းတိုင်တွေဆီသို့ သွားတဲ့ လမ်းကို အတားအဆီးမဖြစ်စေနိုင်ပါဘူး ” လို့ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဆိုခဲ့ကြပါတယ်။