ပြည်တွင်းသတင်း

အခမဲ့ဆေးကုပေးပြီး ထမင်းပါကျွေးတဲ့ ဆရာဝန်ကြီးအတွက် ဆန်အိမ်တွေ လာလှူတဲ့ လယ်သမားကြီး

Zawgyi ဖြင့်ဖတ်ရန်

အခမဲ့ဆေးကုပေးပြီး ထမင်းပါကျွေးတဲ့ ဆရာဝန်ကြီးအတွက် ဆန်အိမ်တွေ လာလှူတဲ့ လယ်သမားကြီး

မြောင်းမြဆေးရုံကို လာလှူတဲ့အထဲမှာ ထူးခြားတဲ့အလှူလေးတွေ ရှိပါတယ်။ ဒီနေ့တော့ အဲဒီအထဲက တစ်ခုကို တင်ပြပါရစေ။

တစ်နေ့ ကျွန်တော့်ဆေးရုံ ရှေ့ကို ထော်လာဂျီ တစ်စင်း ဆိုက်လာပါတယ်။ထော်လာဂျီပေါ်မှာ ဆန်အိတ်တွေ အပြည့်။

စုစုပေါင်း (၂၅)အိတ်။ စပါးပေါ်ချိန်မှာ ဆေးရုံအတွက် ဆန်အိတ်တွေ လာလှူတာပါတဲ့။

ကျွန်တော့်ဆေးရုံက လူနာတိုင်းကို ကရုဏာရှင်လူငယ်များအဖွဲ့က အဖွဲ့အလှူငွေနဲ့ နေ့စဉ် ဆန်ပြုတ် ကြက်ဥ ကွေကာအာဟာရ တစ်နေ့ နှစ်ကြိမ်ထောက်ပံ့နေပါတယ်။ နေ့စဉ် လူနာ (၃၀၀)လောက်ကို ထောက်ပံ့နေတာပါ။ (ဆေးရုံက ကုတင်၂၀၀ ဆိုပေမယ့် လူနာက ၃၀၀ ကျော်နေတာများပါတယ်။)

အချို့သော လူနာတွေ၊ လူနာစောင့်တွေမှာတော့ ထမင်းတောင် ဝယ်စားဖို့ ခက်တဲ့ လူနာတွေ ပါပါတယ်။

သူတို့တွေကိုတော့ ward ထဲက sister ကြီးတွေ စာရင်းကောက်ပြီး ဆေးရုံကနေ နေ့စဉ် ထမင်းနဲ့ဟင်း အလှူပေးလျက် ရှိပါတယ်။

( ဒါကတော့ လူနာတိုင်းကို ပေးတာ မဟုတ်ပါ။ တကယ် အခက်အခဲ ရှိသူတွေကို ကျွေးမွေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။)

အဲဒီလို ကျွေးမွေးနေတဲ့ သတင်းကို ကြားရလို့ ပေသလပ်ကုန်း၊ တောင်ကွဲရွာက ကိုဇော်နိုင်ဝင်း+ မအေးမြတ်မွန် မိသားစုက ဆန်အိတ် (၂၅)အိတ်ကို လာရောက်လှူဒါန်းသွားတာ ဖြစ်ပါတယ်။

အခုဆို နွမ်းပါးသူ လူနာ လူနာစောင့်တွေက ပိုမို အဆင်ပြေစွာ စားသုံးနေကြပါပြီ။

ဆန်အိတ် အလှူရှင် မိသားစုလည်း ကျန်းမာချမ်းသာ လိုရာပြည့်ပြီး မတောင့်မတ မကြောင့်ကြတဲ့ ဘဝလှလှလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Dr.Than Min Htut(ပင်းတယ မီးအိမ်ရှင်)

Unicode ဖြင့်ဖတ်ရန်

အခမဲ့ဆေးကုပေးပြီး ထမင်းပါကျွေးတဲ့ ဆရာဝန်ကြီးအတွက် ဆန်အိမ်တွေ လာလှူတဲ့ လယ်သမားကြီး

မြောင်းမြဆေးရုံကို လာလှူတဲ့အထဲမှာ ထူးခြားတဲ့အလှူလေးတွေ ရှိပါတယ်။ ဒီနေ့တော့ အဲဒီအထဲက တစ်ခုကို တင်ပြပါရစေ။

တစ်နေ့ ကျွန်တော့်ဆေးရုံ ရှေ့ကို ထော်လာဂျီ တစ်စင်း ဆိုက်လာပါတယ်။ထော်လာဂျီပေါ်မှာ ဆန်အိတ်တွေ အပြည့်။စုစုပေါင်း (၂၅)အိတ်။ စပါးပေါ်ချိန်မှာ ဆေးရုံအတွက် ဆန်အိတ်တွေ လာလှူတာပါတဲ့။

ကျွန်တော့်ဆေးရုံက လူနာတိုင်းကို ကရုဏာရှင်လူငယ်များအဖွဲ့က အဖွဲ့အလှူငွေနဲ့ နေ့စဉ် ဆန်ပြုတ် ကြက်ဥ ကွေကာအာဟာရ တစ်နေ့ နှစ်ကြိမ်ထောက်ပံ့နေပါတယ်။ နေ့စဉ် လူနာ (၃၀၀)လောက်ကို ထောက်ပံ့နေတာပါ။ (ဆေးရုံက ကုတင်၂၀၀ ဆိုပေမယ့် လူနာက ၃၀၀ ကျော်နေတာများပါတယ်။)

အချို့သော လူနာတွေ၊ လူနာစောင့်တွေမှာတော့ ထမင်းတောင် ဝယ်စားဖို့ ခက်တဲ့ လူနာတွေ ပါပါတယ်။ သူတို့တွေကိုတော့ ward ထဲက sister ကြီးတွေ စာရင်းကောက်ပြီး ဆေးရုံကနေ နေ့စဉ် ထမင်းနဲ့ဟင်း အလှူပေးလျက် ရှိပါတယ်။ ( ဒါကတော့ လူနာတိုင်းကို ပေးတာ မဟုတ်ပါ။ တကယ် အခက်အခဲ ရှိသူတွေကို ကျွေးမွေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။)

အဲဒီလို ကျွေးမွေးနေတဲ့ သတင်းကို ကြားရလို့ ပေသလပ်ကုန်း၊ တောင်ကွဲရွာက ကိုဇော်နိုင်ဝင်း+ မအေးမြတ်မွန် မိသားစုက ဆန်အိတ် (၂၅)အိတ်ကို လာရောက်လှူဒါန်းသွားတာ ဖြစ်ပါတယ်။

အခုဆို နွမ်းပါးသူ လူနာ လူနာစောင့်တွေက ပိုမို အဆင်ပြေစွာ စားသုံးနေကြပါပြီ။ ဆန်အိတ် အလှူရှင် မိသားစုလည်း ကျန်းမာချမ်းသာ လိုရာပြည့်ပြီး မတောင့်မတ မကြောင့်ကြတဲ့ ဘဝလှလှလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Dr.Than Min Htut(ပင်းတယ မီးအိမ်ရှင်)