တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်ကို ဖောင်းဒိုင်းပြုလုပ်ပြီး ဗီဒီယိုဖိုင်အွန်လိုင်းတင်ခဲ့သူ ၃ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ယင်းတရားခံ၃ဦးအနက် ၁ ဦးမှာ အမျိုးသမီးငယ်ကို ဖောင်းဒိုင်းပြုလုပ်ပြီး ၂ ဦးက ဗီဒီယို ရိုက်ကူးခဲ့ကြသည်။
“အဲဒီဗီဒီယိုဖိုင် အွန်လိုင်းတင်တာကိုတွေ့ ပြီး မိန်းကလေးတွေရဲ့မိဘတွေက ရဲတိုင်တာပေါ့။ အခုတရားခံတွေကို ဖမ်းဆီးထားတယ်လို့သိရတယ်”ဟု မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။
ဖြစ်စဉ်မှာ အသက်မပြည့်သေးသည့် မိန်းကလေးအား အသက်၂၇ အရွယ် ကိုထက်ဆိုသူက အလှဓာတ်ပုံရိုက်ပေးမည်၊ ၁ ပုံရိုက်က ကျပ်ငါးသောင်းပေးမည်ဟုဆိုကာ ပြောဆိုစည်းရုံးပြီး ဟိုတယ်တခုတွင်၂၀၂၀ ဒီဇင်ဘာ၂၆ ရက်က နှစ်ကြိမ် ပြုကျင့်ခဲ့ခြင်းဖြစ်ကာ ကိုထက်၏ တပည့်နှစ်ဦးက ဗီဒီယိုရိုက်ကူးပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီလ ၉ ရက်တွင် ဗီဒီယိုဖိုင်ကို အွန်လိုင်းတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ ပြစ်မှုကျူးလွန်သူ ၃ ဦးအား မြိတ်မြို့မရဲစခန်းမှ (ပ) ၁၇/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
SwelSone News