အနုပညာသတင္း

ဝေယျာဝစ္စတွေလုပ်ပေးတဲ့ အကူမိန်းကလေးကို နှစ်သစ်လက်ဆောင် ရွှေဆွဲသီးလေးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ နန်းစန္ဒာလှထွန်း

ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ သရုပ်ဆောင်ကောင်းရုံသာမက အနေအထိုင်အေးဆေးပြီး တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေ ချစ်ရသူလေးတစ်ယောက်ပါပဲ။ ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကနေစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ကူးလာရတဲ့ နန်းစန္ဒာလှထွန်းက “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေကလည်း သူမကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုပြီး အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေရတဲ့ နန်းစန္ဒာလှထွန်းက ကြင်နာတတ်ပြီး စိတ်နှလုံးသားကောင်းကြောင်း ဒီကနေ့မှာတော့ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့တွေ့ရပြီပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ အလုပ်ကိစ္စတွေနဲ့ ပက်သတ်ပြီး ဝေယျာဝစ္စတွေ အနီးကပ်လိုက်လုပ်ပေးတဲ့ အကူမိန်းကလေးကို ရွှေဆွဲသီးလေးလက်ဆောင်ပေးခဲ့ပြီး ပျော်ရွှင်စေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

နန်းစန္ဒာလှထွန်းပေးတဲ့ လက်ဆောင်လေးကတော့ တန်ဖိုးကြီးတယ်မကြီးဘူးဆိုတာထက် မိန်းကလေးရဲ့ သိတတ်လိမ္မာမှုကို ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ စိတ်ထားလေးကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News