ပြည်တွင်းသတင်း

သီလ ၏ ဂုဏ်ကျေးဇူးကြောင့်အသက်(၁၀၀)နှစ်ရှိပြီဖြစ်သော်လည်းနားလေးရုံမှလွဲ၍ကျန်းမာလျှက်ရှိသော ဘွားသက်ရှည်

ပဲခူးတိုင်းဒေသကြီး(အနောက်)သာယာဝတီခရိုင်မင်းလှမြို့နယ်သရော(အမ်မ်)အုပ်စု ရှားပင်ကွေ့ကျေးရွာ တွင်နေထိုင်လျက်ရှိသော အသက်(၁၀၀)နှစ် ရှိပြီဖြစ်သည့် အဘွားဒေါ်ကြည်ရှိရာနေအိမ်သို့ ရောက်ရှိပြီး အဘွားနှင့် တွေ့ဆုံခဲ့ရပါသည်။

အဘွားဒေါ်ကြည်သည်(၁၂၈၂)ခုနှစ်တွင်(အဖ)ဦးပန်းအောင်အမိ (ဒေါ်လှဦး) တို့မှ မွေးဖွားခဲ့ကြောင်း သိရှိခဲ့ရပြီး သားသမီး(၄)ယောက်ရှိ၍မြေး(၆)ယောက်မြစ်(၄)ယောက်ရှိကြောင်းသိခဲ့ရပါသည်။

အဘွားသည်နားလေးရုံမှလွဲ၍ကျန်းမာရေးကောင်းမွန်လျက်ရှိပြီးအဘွား၏ အသက်(၁၀၀)ပြည့် မွေးနေ့ပွဲ ကို ပြီးခဲ့သည့်ဇန်နဝါရီ(၁)ရက်နေ့က မြေးဖြစ်သူ ရွာဦးကျောင်းဆရာတော်မှဂုဏ်ပြုပွဲကျင်းပပေးခဲ့ကြောင်းလည်းသိရှိခဲ့ရပါသည်။

ယခုလက်ရှိတွင် အသက်(၇၉)နှစ် ရှိနေပြီဖြစ်သည့် သမီးအကြီးဆုံးနှင့် အတူ နေထိုင်လျက်ရှိပြီး နိုင်ငံတော်မှ ပံ့ပိုးပေးနေသော လူမှုရေး ပင်စင်မှ ရရှိသည့် ငွေကြေးဖြင့် သုံးစွဲနေထိုင်လျက်ရှိနေသည်မှာယခုလက်ရှိအချိန်ထိဘဲ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဘွား ဒေါ်ကြည်အား နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံအတွင်းရှိ ပရဟိတ အဖွဲ့အစည်းများထံမှ ကူညီ ထောက်ပံ့မှုများရရှိစေ လိုသည့်ဆန္ဒဖြင့် လူထုအလင်းသတင်းအေဂျင်စီမှမင်းလှမြို့နယ် ဒုတိယ(တာဝန်ခံ) ဦးဇော်လင်းမှ သွားရောက်တွေ့ဆုံ၍ သိလိုသည် များအားမေးမြန်း ရေးသားတင်ပြပေးခြင်းဖြစ်ပါကြောင်း………

Share ပေးခြင်းဖြင့် ကုသိုလ်ယူပါခင်ဗျာ

သတင်း~ဇော်လင်း (မင်းလှ)