မိဘကို ဆရာလေးစန္ဒာသီရိအဖြစ် (၇)ရက်တိတိသာသနာ့အမွေကိုခံယူကာ ကျေးဇူးဆပ်ခဲ့တဲ့ မုဏ်း
MRTV-4ရုပ်သံဇာတ်လမ်းတွဲက မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မုဏ်းကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာလတ်တလောမှာတော့ အနုပညာအလုပ်တွေကိုခဏတာရပ်နားထားခဲ့ပြီး မိဘကျေးဇူးဆပ်တဲ့အနေနဲ့သာသနာ့ဘောင်ကို ဆရာလေးစန္ဒာသီရိအဖြစ်ဝင်ရောက်သွားခဲ့ပါတယ်။ မုဏ်ကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ(၅)ရက်နေ့က သာသနာ့ဘာင်ကိုဝင်ရောက်သွားခဲ့ပြီး အေးချမ်းစွာတရားအားထုတ်ခဲ့ပါတယ်။
ကျောင်းရှိသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းနှင့်နဝကမ္မငွေများဆပ်ကပ်လှူဒါန်းကာ မွန်မြတ်လှတဲ့ကုသိုလ်တွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ (၇) ရက်တိတိသာသနာ့အမွေကိုခံယူကာ မိဘကျေးဇူးဆပ်ခဲ့ပြီးဒီနေ့မှာတော့ လူထွက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ မုဏ်းကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင် မျှဝေပေးထားခဲ့ပါတယ်။
“(၇) ရက်တိတိသာသနာ့အမွေကိုခံယူကာ မိဘကျေးဇူးကိုဆပ်လို့လူထွက်ခဲ့ပါပြီ။ ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်းကြားခြင်းသာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ထပ်တူရစေလိုခြင်းငှာမျှဝေပေးပါတယ်”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့တဲ့ မုဏ်ရဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် သာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Unicode