News

စစ်ကောင်စီတပ်သားများကဒေသခံများ၏ရွှေ့နှင့်ငွေများ လုယက်၊ခိုးယူယူခဲ့မှုကိုအချင်းချင်းတိုင်ပင်ပြီး မည်မျှရရှိ​ကြောင်းအပြိုင်အဆိုင်​ပြောကြ

ယင်းမာပင်နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများ၏ရွှေ့နှင့်ငွေများ လုယက်၊ခိုးယူယူခဲ့မှုကိုအချင်းချင်းတိုင်ပင်ပြီး မည်မျှရရှိ​ကြောင်းအပြိုင်အဆိုင်​ပြောကြ

—People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များသည် ကျေးရွားများ၌ ဝင်ရောက်မွှေနှောက်ပြီး ​ကျေးရွာ​ဒေသခံများ၏ ရွှေနှင့် ငွေများ လုယက်၊ခိုးယူခဲ့မှုကို အချင်းချင်း တိုင်ပင်ခဲ့ကြပြီး တစ်ဦးလျှင်မည်မျှရရှိ​ကြောင်းအပြိုင်အဆိုင်ပင်​ပြောကြသည်ဟု စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသူတစ်ဦးက ​ပြောပြသည်အားကိုးကား၍ ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယင်းမာပင်မြို့နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ၊ အိုးဘို စသည့်ဒေသများကို ဝင်ရောက်စီးနင်းမှုများ လုပ် ဆောင်ခဲ့သည်။

“အိုးဘိုမှာ လက်ပံတောက အရပ်သားငါးယောက်ကို ဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားပြီးတိုက်တစ်ခုထဲမှာ ပိတ်ထားခဲ့တယ်။ ပိတ်ထားခဲ့တော့ သူတို့ ပြောနေတဲ့ စကားတွေ ကြားရတယ်တဲ့။ ဒီကောင်တွေ ပိုက်ဆံသိန်းတစ်ရာရတဲ့ကောင်ရှိတယ် ရွှေအစိတ်သားရတဲ့ကောင်ရှိတယ် ငါးကျပ်သားရတဲ့ကောင်ရှိတယ်ပေါ့ဗျာ။

ရွာတွေမှာ မွှေနှောက်လာတာပေါ့။ ငါကတော့ သိန်းတစ်ရာရပြီ ငါကတော့ ရွှေဘယ်လောက်သားရပြီပေါ့။ ငါကတော့ မြို့ရောက်ရင် ပြေးမှာပေါ့ သူတို့ချင်းတိုင်ပင်နေတာပေါ့ လေးယောက်လောက်က”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီတပ်ထံမှ လွတ်မြောက်လာသူအချို့ကို ကိုးကား၍ အထက်ပါ အတိုင်းPeople’s Spring သတင်းဌာနသို့ပြောသည်။

လက်ပံတောကျေးရွာ ဘုန်းကြီးကျောင်း၌ စစ်ကောင်စီတပ်လက်ချက်ကြောင့်သေဆုံးသည့် အဘွားအို တစ်ဦး ပိုင်ဆိုင်သည့် ပိုက်ဆံအိတ်တွင်လည်း တန်ဖိုးကျပ် ၂၅ သိန်တန် ရွှေဘောက်ချာများသာတွေ့ရပြီး ရွှေကိုမူမတွေ့ရ​တော့ကြောင်း၊ ငွေသား ကျပ် ၂၁၀၀၀ တွေ့ရ၍ ဒေသကာကွယ်ရေးခေါင်းဆောင်ထံ အပ်နှံခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ပိုက်ဆံအိတ်လေး တစ်လုံးတွေ့တယ်။တွေ့တဲ့အခါ ကျွန်တော်က ကြည့်တဲ့အခါ ဘောင်ချာက သိန်းတစ်ရာ ဘောင်ချာ(သိန်းတစ်ရာအမည်ရှိဆိုင်ဘောက်ချာ)ဗျ။ သူ့ရဲ့ ပစ္စည်းတန်ကြေးက အစိပ်(ကျပ်၂၅သိန်း) ဝန်းကျင် လောက်ရှိမယ်။ ဘောင်ချာက နှစ်ခုဗျ။ ပိုက်ဆံက ငါးထောင်တန် ၂ရွက် တစ်သောင်းတန်တစ်ရွက် ထောင်တန်တစ်ရွက်ဗျ။ ပစ္စည်းပါလားလို့ဖောက်စစ်ကြည့်တဲ့အခါကျတော့မပါဘူးဗျ။

အဲဒီမှာ အင်အား ၁၀ယောက်လောက်ရှေ့မှာ ဒေသကာကွယ်ရေးခေါင်းဆောင်ထံ အကုန်အပ်မယ်လို့ ပစ္စည်းပါရင်လည်းဆိုပြီးဗွီဒီယိုမှတ်တမ်းဖိုင်နဲ့ အတူတကွပေါ့ ဖွင့်ဖောက်စစ်တာပေါ့။။ အဲဒီမှာ ပစ္စည်းကလည်းမပါတာနဲ့ ကာကွယ်ရေးခေါင်းဆောင်ဆီအပ်ပြီး အမေကြီးအလောင်းကို ကလေးတွေနဲ့ထမ်းပြီး သင်္ဂြိုလ်ပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းအပါအဝင် ကျေးရွာများရှိနေအိမ်များကို မွှေနှောက်သွားကြောင်း၊ ပြည်သူလူထုပိုင် ပစ္စည်းများကိုလည်း ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် လက်ပံတောကျေးရွာတွင် ကလေးအပါအဝင် ဒေသခံများသေဆုံးထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ၁၀ဦး၏ ရုပ်လောင်းနှင့် မီးမရှို့ခဲ့သည့် အဘွားအိုတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့သည်ဟု ဒေသခံ အချို့က ပြောသည်။

crd