အသက် အငယ်ဆုံး အဘိဓမ္မာ မဟာဘွဲ့ရ ၁၅ နှစ်သားလေး”မောင်ဟန်ထွန်းအောင်”
ဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်) အသက် ငယ်ဆုံး အဘိဓမ္မာ မဟာ ဘွဲ့ရ ၁၅နှစ်သား သူလိုလူ (၅၂) ကြိမ်မြောက် အ ဘိဓမ္မာ စာတော်ပြန်ပွဲရဲ့ ထူးခြားချက်ထဲမှာ ၁၅ နှစ်သား တစ်ဦးရဲ့ မဟာဘွဲ့ ရရှိမှုဟာ ဘယ်လိုမှချန်လှပ်ခဲ့လို့ မရနိုင်ပါဘူး။
လူပုဂ္ဂိုလ်များ အတွ က် သတ်မှတ် ပြဌာန်းထားတဲ့ ကျမ်းအစိတ် အပို င်း ၁၅ ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာ ဒီကနှစ်မှာ ရေးဖြေ ဘာသာစုံ ဂုဏ်ထူးနဲ့ အတူ လှလှပပ အဆုံးသတ် နိုင်ခဲ့ပါတယ်။
၁၅ ကျမ်းကို ၄ နှစ်အတွင်း ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့တာမို့ ကြား သိရသူတိုင်း အံ့သြ ဝမ်းသာကြမယ်လို့ ထင်ပါတ ယ်။ တစ်ကယ်တော့ မောင်ဟန်ထွန်းအောင် ဟာ အသက် ၁၁နှစ် အရွယ် ကထည်းက အစိုးရအဘိဓမ္မာ ၃ ဆင့်လုံးကို အောင်မြင်ကာ အဘိဓမ္မာဥယျာဉ် ကြီးထဲကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
ဓမ္မရသကို သိရှိခံစားဖူးတဲ့ ပျားပိတုန်း လေးတစ်ကောင် အဖို့ ဒီဥယျာဉ် ကြီးထဲကနေပြီး ပြန်မထွက် နိုင်တော့တာ သိပ်တော့လဲ မဆန်းလှပါဘူး။ အဲဒီနှစ်မှာပဲ ဓမ္မသာကစ္ဆာ အဘိဓမ္မာ၃ ဆင့်လုံးကိုလည်း အောင်မြင်ခဲ့တယ်။
၁၂နှစ်အရွယ် ၇တန်းနှစ်မှာ အစိုးရ ဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ ဓမ္မသာကစ္ဆာ ဝိသုဒ္ဓိမဂ် ၃ ဆင့်လုံးကို နှစ်ချ င်းပေါက် အံ့ဖွယ် အောင်မြင်ခဲ့သလို အဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း စတင်ဝင်ရောက် ပူဇော်ခဲ့ပါတယ်။
၁၃ နှစ်ရွယ် ၈ တန်းမှာ ပထမပြန် စာ မေးပွဲ အခြေပြု မူလတန်းကို အောင်မြင်ခဲ့ပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကို ရ ရှိခဲ့ပါတယ်။
၁၄နှစ်အရွယ် နဝမတန်းမှာ အစိုးရအဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) ၃ဆင့်ကို အောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာ ဏဉာဏဓဇ) ဘွဲ့ကို ထပ်မံ ရရှိပြန်ပါတယ်
တက္က သိုလ်ဝင်တန်း ဖြေဆိုရမဲ့ အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲ ဆက်လက် ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာ ဏဉာဏဓဇ) ဘွဲ့ကို အပြီးသတ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာ တစ်ကျမ်း တစ်ကျမ်းကိုပဲ အောင်မြင်အောင် မနည်းလေ့လာ ပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်း ကောင်းစွာ သိရှိကြပါတယ်။
ဒီ၅နှစ်တွ င်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့် အဘိဓမ္မာ(ဂုဏ် ထူးဆောင်) ၃ဆင့်၊ ဝိသုဒ္ဓိမဂ် ၃ဆင့်၊ အခြေပြုမူလတန်းနဲ့ စာတော်ပြန်ပွဲ ၁၅ကျမ်းတို့ကို ဖြေဆို အောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာ ဏဉာဏဓဇ)၊ (မဟာ အာဘိဓမ္မိက ဥက္ကဌ က လျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက် အသက်အငယ်ဆုံး စာပြန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ ဒါမို့ ဒီအရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို အတော်ပဲ လက်ဖျားခါမိပါတယ်။
ဒါမို့ ကျွန်တော့် အနေနဲ့ကတော့… မောင်ဟန်ထွန်းအောင်ကို ဓမ္မရသနောက် တစ်ကောက် ကောက် လိုက်ခဲ့သူ၊ ဆင်ခြေ ဆင်လက် တွေကို မထီမဲ့မြင် ပြုနိုင်တဲ့သူ အခက်ခဲတွေကို အခွင့်အရေး အဖြစ် ပြောင်းလဲနိုင်သူ၊ အားကျ အတုယူသင့်သူဂုဏ်ပြု ချီးကျူးမှုတွေနဲ့ အထူးကို ထိုက်တန်တဲ့ သူအဖြစ် နှစ်ဆန်း အမှတ်တရ ဝိသေသပြု မှတ် တမ်းတင် ဂုဏ်ပြု လိုက်ရပါ တော့တယ်။
သာဓု သာဓု သာဓု