နိုင္ငံတကာသတင္း

လူတွေဆီကနေ အာရုံစိုက်ခံရဖို့ တမင်ခြေထောက်ကျိုးချင်ယောင်ဆောင်နေတတ်တဲ့ လိမ္မာပါးနပ်လွန်းတဲ့ ခွေးလေး(ရုပ်သံ)

ဘန်ကောက်မြို့ရှိ Gae လို့ခေါ်တဲ့လိမ္မာပါးနပ်တဲ့ခွေးတစ်ကောင်ဟာ လူတွေက သူ့ကိုအာရုံစိုက်အောင်နှင့် အစားအစာရရှိရန် သူ့ရဲ့ခြေထောက်ကို ကျိုးနေသလို ဟန်ဆောင်ခဲ့ပါတယ်။ Gae ဟာ ၎င်းနည်းလမ်းဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို အလွယ်တကူလှည့်စားနိုင်တယ်လို့ ဒေသခံများကပြောကြားခဲ့ပါတယ်။” Gae က ကျွန်တော့်ရဲ့အလုပ်ခွင်မှာ နှစ်အနည်းငယ်အထိနေထိုင်ခဲ့တယ် ၊ လူတွေကိုလှည့်ဖြားဖို့ သူက အမြဲတမ်းဒီလှည့်ကွက်ကိုသုံးနေတတ်တယ် “ လို့ Thaweeporn Chongplapolkul အမည်ရှိဒေသခံနေထိုင်သူတစ်ဦး က ပြောကြားခဲ့ပါတယ်။

လူတော်တော်များများက သူ့ကိုကြိုးစားကူညီဖို့ရပ်တန့်ရလောက်တဲ့အထိ Gae ရဲ့သရုပ်ဆောင်ချက်က ပီပြင်လွန်းပါတယ်။“Gae က သူ လိုအပ်တဲ့ချစ်ခင်ကြင်နာမှုနဲ့ အစားအစာအားလုံးကို ဒေသခံတွေကနေ ရရှိနေခဲ့ပေမဲ့လည်း Gaeက သူ့ရဲ့နောက်ပြောင်ကျီစယ်မှုအလေ့အထကို ပြုလုပ်နေဆဲပါ ၊ ကျွန်တော်တို့က သူ့ခြေထောက်နှစ်ခုစလုံးကိုစစ်ဆေးကြည့်ပြီးပါပြီ ၊ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကလည်း အကောင်းကြီးပါဘဲ ၊ အကယ်လို့ Gae ဒဏ်ရာရခဲ့ရင် ကျွန်တော်တို့က သူ့ကို ချက်ချင်းခေါ်ဆောင်ကုသပေးသွားမှာပါ ” လို့ Chongplapolkul ကပြောကြားခဲ့ပါတယ်။

လိမ္မာပါးနပ်လွန်းတဲ့ Gae ဟာ သူ့ရဲ့အမှန်တကယ်အံ့သြစရာကောင်းတဲ့လှည့်ကွက်တစ်ခုအတွက် လူသိများနေလျက်ရှိပါတယ်။Gae က ဒဏ်ရာရဟန်ဆောင်ထားတဲ့ သူ့ရဲ့ခြေထောက်ကို ချက်ချင်းပင်ဖြောင့်တန်းအောင်ဆွဲဆန့်တဲ့အခါတိုင်း ခရီးဧည့်သည်မတွေက သူတို့အညာမိတာကိုသိသွားပြီး ရယ်မောနေခဲ့ကြပါတယ်။လမ်းဘေးခွေးတော်တော်များများက Gae လို့ လူလည်ကျပြီး နောက်ပြောင်တတ်တဲ့အကျင့်တွေ ရှိနေတတ်ကြပါတယ်။ Gae ကတော့ တစ်ကယ့်ကို နောက်တတ်လွန်းတဲ့ ခွေးဆိုးလေးလို့ဆိုရမှာပါ။

Mia (Mckzone Daily)

Source : elitereaders

Unicode