အုပ်စုလိုက် မုဒိမ်း ကျင့်ခံရလို့ လာရောက်တိုင်တန်း တဲ့ အသက်၁၃နှစ်မိန်းကလေးကို ရဲကပါ ထပ်ပြီး မုဒိမ်းကျင့်……..seemore
အုပ်စုလိုက် မုဒိမ်းကျင့်တာ ခံရလို့ လာရောက် တိုင်တန်းတဲ့ အသက် ၁၃ နှစ်အရွယ်မိန်းကလေး ကို အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဥသာပရာဒက်ချ် ပြည်နယ် က ရဲအရာရှိ တစ်ဦး မုဒိမ်းကျင်ခဲ့တယ်လို့ စွပ်စွဲ ခံရပြီး နောက် ၎င်း ရဲအရာရှိ ထွက်ပြေးသွားကြောင်း သိရပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် အပေါ်ရာဇဝတ်မှု ဆိုင်ရာ စွဲချက်တင်ထားပြီး ရာထူးက ရပ်စဲထားကြောင်း အကြီးတန်း ရဲ အရာရှိ တစ်ဦး ကပြောကြား ပါတယ်။ပြီးခဲ့တဲ့ လအတွင်း အမျိုးသားလေးဦး က သူ့ကို မုဒိမ်းကျင့်ခဲ့တယ် လို့ အဆိုပါ မိန်းကလေး က စွပ်စွဲ ထားပါ တယ်။
ဒီသတင်း ကြောင့် အိန္ဒိယ နိုင်ငံတစ်ဝန်း ဒေါသထွက်နေကြပြီး လူမှု မီဒီယာ ပေါ်မှာ ဒေါသတကြီး တုန့်ပြန်ပြောဆိုနေကြပါတယ်။ရဲတပ်ဖွဲ့ သို့ တိုင်ကြားမှု အတွင်း အဆိုပါ မိန်းကလေး ရဲ့ ဖခင် ဖြစ်သူ က အမျိုးသားလေးဦး ဟာ
သူ့ သမီး ကို အိမ်နီးချင်း မက်ဒဟာ ပရာဒက်ချ် ပြည်နယ်သို့ ခေါ်ဆောင်သွားပြီး လေးရက် ကြာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အဲဒီနောက် အဆိုပါ အမျိုးသားလေးဦး က သူ့ကို သူနေထိုင်တဲ့ ရွာဆီပြန်လည် ပို့ဆောင်ပြီး ထွက်ပြေးသွားကြကြောင်း သိရပါတယ်။
နောက်တစ်ရက်မှာ အဒေါ် ဖြစ်သူ နဲ့ အတူ ရဲစခန်းမှာ တိုင်ချက်လာဖွင့်ချိန် ဒေသဆိုင်ရာ ရဲစခန်း တာဝန်ခံ ရဲအရာရှိ က အဆိုပါ မိန်းကလေး ကို မုဒိမ်း ကျင့် ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူအများ ဒေါသထွက်နေကြ ပြီး အိန္ဒိယ ရဲ့ လူနေ အထူထပ်ဆုံး ပြည်နယ် မှာ တရားဥပဒေ စိုးမိုး မှု အပေါ် လူအများ ကမေးခွန်းထုတ်နေကြ ပါတယ်။အမျိုးသမီးများ အတွက် ရဲ စခန်းတွေ ဟာ အန္တရာယ်မကင်းတော့ ဘူးဆိုရင် ဘယ်နေရာမှာ သွားတိုင်ရမလဲ လို့ ကွန်ဂရက်စ် ပါတီ ခေါင်းဆောင် က တွစ်တာ ပေါ်မှာ ရေးသားထားပါတယ်။
၂၀၁၂ ဒီဇင်ဘာလ က အမျိုးသမီးငယ် တစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စု လိုက်မုဒိမ်းကျင့် တာခံခဲ့ရပြီး နောက်လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ နဲ့ မုဒိမ်းမှု များ ကို လူအများ အာရုံစိုက်လာ ကြပြီး အဆိုပါ သတင်း ကြောင့်နိုင်ငံတကာက လည်းဒေါသထွက်ခဲ့ကြပါတယ်။
ဥပဒေ တင်းကြပ်ပြီး စစ်ဆေး အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေပေမယ့် အိန္ဒိယ မှာ မုဒိမ်းမှုများ နှစ်စဉ် ဖြစ်ပွား နေကြောင်း သိရပါတယ်။
Unicode