“နှလုံးရောဂါ လက္ခဏာ”
၁ – ရင်ဘတ်အောင့်ခြင်း
နှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြော တစ်ချောင်းပိတ်သွားလို့ နှလုံးအရေးပေါ် အခြေအနေတစ်ခုခုဖြစ်တာနဲ့ နှလုံးအောင့်လာမယ်၊ မောလာမယ်၊ ရင်ဘတ်ပေါ်မာ တစ်ခုခုဖိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါမျိုးက စိတ်လှုပ်ရှားသွားလို့ဖြစ်ဖြစ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်မိတာပဲ ဖြစ်ဖြစ် ပေါ်လာတတ်တဲ့ ရင်ဘတ်အောင့်ခြင်းဖြစ်ပြီး မိနစ် အနည်းငယ်လောက် ကြာတတ်ပါတယ်။ နှလုံးရော ဂါဆိုတာကလည်း အများကြီးရှိတာကြောင့် ဘယ်လို အချိန်ဆို ရင်ဘတ်ပိုအောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာသွားလဲ၊ ကိုယ့်မှာအခြား ဘာရောဂါ အခံတွေ ရှိလဲဆိုတာကို ဆရာဝန်ကို သေချာရှင်းပြဖို့တော့ လိုပါတယ်။
၂ – အစာမကြေ ရင်ပြည့်သလိုဖြစ်တာကြာနေပြီး နှလုံးနားက စူးစူးအောင့်ခြင်း
အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန်တာတွေဟာ အစာအိမ်တစ်ခုတည်း ကြောင့် ဖြစ်တတ်တာတွေ မဟုတ်ပါဘူး။ ဒီလို အစာမကြေတဲ့ လက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှလုံးရောဂါကြောင့် အစာအိမ်ဆီကို သွေးတွေ လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ဖြစ်ရတာပါ။ ကိုယ်က အစာအိမ်ရောဂါ ဖြစ်နေတဲ့သူလည်း မဟုတ်၊ အစာမကြေစေတဲ့ အစားအစာတွေစားထားတာလည်း မဟုတ်ဘဲနဲ့ အစာမကြေပျို့အန်တာ၊ ရင်ဘတ်အောင့်တာတွေဖြစ်နြေ့ပီဆိုရင် နှလုံးရောဂါကို ချန်လှပ်ထားလို့ မရပါဘူး။
၃ – ရင်ဘတ်အောင့်တဲ့ နေရာက လက်မောင်းကိုက်ခြင်း၊ အောင့်ခြင်း
ဖြစ်နေကျ နာမည်ကြီး နောက်ထပ် နှလုံးရောဂါ လက္ခဏာတစ်ခုကတော့ နှလုံး အပြင် နောက်ထက် ဘယ်ဘက်လက်မှာ ကိုက်ခဲပြီး အောင့်တာဖြစ်ပါတယ်။ Radiating pain လို့ခေါ်တဲ့ နှလုံးက ဖြစ်နေတဲ့နာကျင်တဲ့ ခံစားမှုဟာ လက်ဆီကို ပျံ့သွားတာရယ် ၊ လက်ဆီကို သွေးကောင်းကောင်းမရောက်တော့တာရယ်ကြောင့် နှလုံးရောဂါ သမားတွေ လက်ကိုက်ရတာဖြစ်ပါတယ်။
၄ – မူးဝေပြီး ခြေလမ်းတွေ ဟန်ချက်မညီတော့ခြင်း
အိပ်ရေးမဝလို့၊ အားနည်းနေလို့၊ ဗိုက်ဆာနေလို့ စတဲ့ အကြောင်းအရင်းပေါင်းများစွာကြောင့် မူးဝေတာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် နှလုံးရောဂါကြောင့်လည်း ဒီလို မူးဝေ တာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီးမူးဝေလာမယ်၊ ရင်ဘတ်လည်းအောင့်မယ်၊ အသက်ရှူကြပ်တာမျိုးတွေ ပါရှိနေပြီဆိုရင်တော့ နှလုံး ကသွေးကောင်းကောင်း မညှစ်နိုင်တော့လို့ သွေးပေါင်ကျနေပြီလို့ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။
၅ – မေးရိုးနာခြင်း၊ လည်ချောင်းနာခြင်း
ဖျားနာတာ၊ တုပ်ကွေးမိတာ၊ ထိခိုက်မိတာတွေရှိတာကြောင့် လည်း မေးရိုးနာတာ၊ လည်ချောင်းနာတာ ဖြစ်တတ်တဲ့အတွက် ဒီလို မေးရိုးနာတာ လည်ချောင်းနာတာ ရှိရုံနဲ့ နှးလုံရောဂါ ဖြစ်နေပြီလို့ စွပ်စွဲလို့မရပေမယ့် Radiating pain လို့ခေါ်တဲ့ နှလုံးကနေ အခြားကို ပျံ့တတ်တဲ့ နှလုံးရောဂါထူးခြား လက္ခဏာကြောင့် ရင်ဘတ်အောင့်တာပါ တွဲရှိရင်တော့ နှလုံးရောဂါကို ချန်ခဲ့လို့တော့ မရပါဘူး။
၆ – မောပန်းလွယ်နေတာ
နှလုံးရောဂါသည် တော်တော်များများကို ကြည့်လိုက်ရင် မောပန်းနေပြီး အားနည်းနေတဲ့ ပုံပေါက်နေတတ်ပါတယ်။ အရင်တုန်းက လုပ်နိုင်ခဲ့တဲ့ လှေကားတက်တာ၊ လမ်းအကြာကြီးလျှောက်တာတွေကို ခုတလောမလုပ်နိုင်တော့ဘဲ အရင်လို အမောမခံနိုင်ဘူးဆိုရင် နှလုံးကို သွားစစ်ကြည့်ဖို့တော့ လိုနေပါပြီ ။ ။
၇ – ဟောက်ခြင်း
အိပ်ရင် ဟောက်တတ်တဲ့ အကျင့်ဟာလည်း နှလုံးရောဂါ နဲ့ ဆက်စပ်နေပြန်ပါတယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ရပ်သွားပြီး ဟောက်တတ်တဲ့သူတွေရဲ့ နှလုံးဟာ အခြားသူတွေထက် ဖိအားတွေပိုခံရပါတယ်။ ဒီိလိုနဲ့ နှလုံးက အလုပ်ပိုလုပ်ရလို့ ကြာလာရင် အသက်ရှူရပ်သွားတတ်ပါတယ်။
၈ – ချွေးစေးပြန်ခြင်း
ဘယ်မှ ပင်ပင်ပန်းပန်းလည်း လုပ်မထားဘဲနဲ့ ချွေးစေးတွေပြန်လာတယ်၊ မူးဝေလာတယ် ၊ ရင်ဘတ်တွေ အောင့်နေတယ်ဆိုရင် နှလုံးဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
၉ – မရပ်မနားချောင်းဆိုးတာ။
ချောင်းဆိုးတဲ့ ကိစ္စဟာ အဆုတ်ကြောင့် အဖြစ်များတယ်ဆိုပေမယ့် နှလုံးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းလို့ခေါ်တဲ့ Heart Failure လို ရောဂါမျိုးမှာဆို နှလုံးက မညှစ်နိုင်တော့တာကြောင့် အဆုတ်ထဲ ၊နှလုံးထဲ သွေးတွေ အိုင်နေတတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
၁၀ – ခြေလက်တွေဖောရောင်တာ
ခြေလက်တွေဖောရောင်တာဟာ ကျောက်ကပ်ကြောင့် အများဆုံး ဖြစ်တတ်ပေမယ့် နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခါမျိုးမှာ ခြေလက်ရှိ သွေးကြောတွေထဲက သွေးကို အပြည့်အဝမယူနိုင်တော့လို့ သွေးတွေပြန်အိုင်ပြီး ခြေလာက်တွေ ဖောရောင်လာတတ်ပါတယ်။ ဒါ့အပြင် နှလုံးကြောင့် ကျောက်ကပ်ထိသွားတဲ့အခါမှာလည်း ရေနဲ့ ဆားဓာတ်တွေ မညီမျှတော့လို့ ဖောရောင်လာတတ်ပါသေးတယ်။
၁၁ – နှလုံးခုန်စည်းချက် မမှန်ခြင်း
နှလုံးနဲ့ပက်သက်တဲ့ ကိစ္စမှာဆို နှလုံးခုန် စည်းချက်မမှန်တာမျိုးတွေ ကိုချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်နှလုံးခုန်သံ စည်းချက် မမှန်တဲ့အခါမျိုးမှာ နှလုံးရောဂါကို အဓိက ဦးစားပေးစဉ်းစားသင့်ပါတယ် ။
ဒါတွေကတော့ သင့်လုံးဝ လျစ်လျူရှုဖို့ မသင့်တဲ့ နှလုံးရောဂါနဲ့ ပက်သက်တဲ့ လက္ခဏာ ၁၁ ချက် ပဲ ဖြစ်ပါတယ်။ နှလုံးဆိုတာ လုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါ တစ်ခုဖြစ်တာကြောင့် ဂရုစိုက် ကြပါနော် 🙏