ကျန်းမာရေး ပြည်တွင်းသတင်း

၁၃ ရက်နေ့မှာ သူရဲကောင်း ကျန်းမာရေးဝန်ထမ်း (၃) ဦးကို ကိုဗစ်က ဆွဲခေါ်သွားပြန်ပြီ

ကိုဗစ် အဲဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ အခုတော့ ကံမကောင်းခြင်း နံပတ် (၁၃) ဂဏန်း (၁၃) ရက်နေ့မှာပဲ သူရဲကောင်း ကျန်းမာရေးဝန်ထမ်း (၃) ဦးကို ဆွဲခေါ် သွားခဲ့ပြန်ပါပြီ။

ကိုဗစ်ကူးစက်လူနာ အရေအတွက် လျော့ကျလာပေမယ့် သေဆုံးနှုန်းကတော့ မကျသေးဘဲ ဆက်လက် မြင့်တက်နေပါတယ်။ အဲဒါကြောင့် ကူးစက်မှု မရှိစေဖို့ အထူး သတိထားဖို့ လိုအပ်ပါတယ်။

ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ကျန်းမာရေးဝန်ထမ်း (၃) ဦးကိုလည်း အမြဲလေးစား ဦးညွှတ်လျက် ရှိနေမှာပါ။

(၁၃-၁-၂၀၂၁) မန္တလေးပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီးဒေါ်အေးဝင်းသန်း ကိုဗစ်တိုက်ပွဲမှာ ကျရှုံးသွားပြန်ပြီ။ ကောင်းရာဘုံဘဝ ရောက်ပါစေ။

(၁၃/၁/၂၀၂၁) လေးစားချစ်ခင်ရပါသော ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း ကိုဗစ်ကြောင့် ဆုံးပါးရပြန်ပါပြီ။ ကောင်းရာဘုံဘဝမှာစံမြန်းနိုင်ပါစေ။

(၁၃)ဂဏန်းမှာပဲ ကိုဗစ်ကြောင့် ည (၁၁)နာရီမှာ ဆုံးပါးသွားပါတယ်။ ရန်ကုန်သူနာပြုတက္ကသိုလ်မှ ပါမောက္ခဒေါ်ထွေးထွေးညွန့်၊ ကောင်းရာဘုံဘဝ ရောက်ပါစေ။

Myint Zaw