အစိုးရက သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း ရောင်းချရမှု ပမာဏကို ပွင့်လင်းစွာ ထုတ်ပြန်လိုက်ပြီ
လက်ရှိအစိုးရသက်တမ်းငါးနှစ်အတွင်း ကျောက်စိမ်း နှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပရောင်းချမှုမှ ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရရှိထားကြောင်း အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၅ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ စက်တင်ဘာအထိ ဖြစ်ပြီး သဘာဝဓာတ်ငွေ့မှဒေါ်လာ ၁၇ ဘီလီယံခွဲနှင့် ကျောက်စိမ်းမှ ဒေါ်လာနှစ်ဘီလီယံခွဲဖြစ် သည်ဟု အကောက်ခွန်ဦးစီးဌာန၏စာရင်းများကို အစိုးရက ထုတ် ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့ကို ၂၀၁၅ အောက်တိုဘာမှ ၂၀၁၆ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ၊၂၀၁၆ အောက်တိုဘာ မှ ၂၀၁၇ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၊ ၂၀၁၇ အောက်တိုဘာမှ၂၀၁၈ စက်တင်ဘာအထိ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနှင့်၂၀၁၉-၂၀၂၀ တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး ရောင်းချထားတယ်လို့ သိရပါတယ်။
ကျောက်စိမ်းရောင်းချမှုတွင် ၂၀၁၅ အောက်တိုဘာ မှ ၂၀၁၆ စက်တင်ဘာအထိဒေါ်လာ သန်း ၄၀၀ ကျော်၊ ၂၀၁၆-၂၀၁၇ တွင် ဒေါ်လာ သန်း ၃၄၀ ကျော်၊ ၂၀၁၇-၁၈ တွင် ဒေါ်လာသန်း ၉၇၀ ကျော်၊ ၂၀၁၈-၁၉ တွင် ဒေါ်လာ သန်း ၃၅၀ ကျော်နှင့် ၂၀၁၉-၂၀ တွင်ဒေါ်လာသန်း ၄၂၀ ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံ၏ ပြည်ပပို့ကုန်မှဝင်ငွေ သည် ဒေါ်လာ ၁၁ ဘီလီယံဖြစ်ပြီး၂၀၁၆-၁၇တွင် ဒေါ်လာ ၁၂ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီ ယံ၊၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၁၇ ဘီလီယံနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၇ ဒသမ ၆၆ ဘီလီယံဖိုး ရရှိခဲ့သည် ဟုစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။