Crime ပြည်တွင်းသတင်း

၄ နှစ်အရွယ် ကလေးငယ်လေး သေဆုံးမှုကို သေချာစစ်ဆေးရာ တရားခံမှာ မိခင်ဖြစ်သူရဲ့ ရည်းစားဟောင်းဖြစ်နေ

၁၄.၁.၂၀၂၁ ရက်နေ့ ၀၈၃၀ အချိန်ခန်.တွင် မြစ်သားမြို့ပြည်သူဆေးရုံတွင်သေဆုံးနေသော ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး၏အလောင်းရောက်ရှိနေကြောင်းသတင်းအရ ဒုရဲအုပ်ပွင့်ဖူးခိုင် ဦးစီးအဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်သားမြို့၊ ခန္တီးလေးကျေးရွာနေ အံ့မှူးမောင်မောင်၄နှစ်ဦးရှိန်လွင် ဖြစ်ကြောင်းသိရှိရပြီး လည်ပင်းတွင်နီမြန်းဒဏ်ရာများဖြင့်စစ်ဆေးတွေ့ရှိရသဖြင့် မှုခင်းဆေးစာပေးပို့ထားရှိခဲ့ပြီး။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၁ ဖြင့်ရေးဖွင့်ဆောင်ရွက်ခဲ့ပြီးစစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူအလောင်းအားရင်ခွဲစစ်ဆေးဆောင်ရွက်ချက်အရ လည်ဆစ်ရိုးပြုတ်၍သေဆုံးကြောင်းတစ်ဦးတစ်ယောက်၏ပရောဂကြောင့်သေဆုံးခြင်းဖြစ်နိုင်းပေါ်ပေါက်ခဲ့သဖြင့်။

သေဆုံးသူ၏ မိခင်ဖြစ်သူ မစန်စန်းမော် အားစစ်ဆေးခဲ့ရာ ၁၃.၁.၂၀၂၁ ရက်နေ့ ၁၃၀၀ အချိန်ခန့်တွင် နေအိမ်၌ သားဖြစ်သူအံ့မှူးမောင်မောင် နှင့်အတူအိပ်နေစဉ် ၎င်းနှင့်ချစ်ကြိုက်ခဲ့ဘူးသူ တစ်ရွာတည်းနေ နေထက်လင်(၂၅)နှစ် (ဘ)ဦးတင်ဝင်း ရောက်ရှိလာပြီး သားမယာအဖြစ်အတူနေထိုင်ရန်လုံးထွေးဆောင်ရွက်စဉ် ကလေးငယ်အားထိခိုက်မိသွားပြီး။

ကလေးငယ်မှငိုရိုနေခဲ့သဖြင့် ၎င်းတွင်အသင့်ပါလာသော စမူဆာကြော်ရာတွင်အသုံးပြုသော အိုးမဲများပေနေသည့် အပြာရောင်ပုဆိုးပိုင်းလက် နှီးစုတ်ဖြင့် ကလေးငယ်၏လည်ပင်းအားရစ်ပတ်ဆွဲညှစ်ခဲ့ကြောင်းပတ်ဝန်း ကျင်မှ ၎င်း နှင့် နေထက်လင်း တို့အိမ် ထောင်ရေးဖောက်ပြန်နေကြောင်း ဘေးပတ်ဝန်းကျင်မှထင်မြင်မည်စိုးသဖြင့်။

အော်ဟစ်အကူအညီတောင်းခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သဖြင့် သေမှုသေခင်းမှ ၁၄.၁.၂၀၂၁ ရက်နေ့ ၂၃၄၀ အချိန်တွင် (ပ)၁၂/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ပြောင်လွဲစစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသောတရားခံ နေထက်လင်း အားဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့၏ လမ်းညွန်ချက်ဖြင့် ဒုရဲမှူးဇော်ဝမ်းဦးစီးအဖွဲ့၊ ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးအဖွဲ့။

ဒုရဲအုပ် အွမ်ဟာ ဦးစီးအဖွဲ့ တို့မှ ၎င်းသွားလာတတ်သောနေရာများအားလိုက်လံစုံစမ်းရှာဖွေခဲ့ရာ တရားခံနေထက်လင်း အား ၁၅.၁.၂၀၂၁ ရက်နေ့ ၁၀၂၀ အချိန်ခန့်တွင်ခန္တီးလေးကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းဘေး ငှက်ပျောခြံအတွင်းမှဖမ်းဆီးရမိခဲ့ပြီး အမှု့ဖြင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။