အေထြေထြဗဟုသုတ

စားဝတ်နေရေး ပြေလည်စေဖို့ ခြံထဲမှာ တောင်ပို့မှို ဖေါက်ချင်လျှင်(မှိုဖေါက်နည်း)

စားဝတ််နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို ဖောက်နည်းလေးကို တင်ပြပေး မှာဖြစ် ပါတယ်။

ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျ စရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်ပါတယ်။ ယနေ့ မှိုတစ်ပိဿာဈေးဟာ လည်း ၁သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။

သဘာဝနည်းဖြစ်် တာကြောင့် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများ အန္တရယ် မရှိယုံသာမက အနံအရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။

နည်းမှာ ပါဝင်ပစ္စည််း ၃မျိုးသာရှိပြီး မိိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိိုင်းမှ မြေသား၂၀သားခန့်။

၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ်ကီလိို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ ဘဲ ဖြစ်ပါတယ်။

ပထမဦးစွာ တောင်ပိို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။

ထိို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။

ပြီးနောက် ထိိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ရ ရက်ခန့်ထားရပါမယ်။

ထိိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ ရ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။

အဲဒါဟာ မှိုိဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။

မှိုိမျိုးစေ့များ ချထားသောနေရာအား ရ/၈ ရက်တစ်ကြိိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယိကူစွာ စိတ်ခူး စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။

အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင််း မြေဆွေးထည့်၍ စိုက်ပျိုးနိိုင်ပါတယ်။

(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

#Credit