“ နိုင်ငံတော်မှ အိမ်ထောင်စုပေါင်း (၂)သန်းကျော်အတွက် ထောက်ပံ့ကြေးထပ်မံပေးမည် ”
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ကြေးပေးရာမှာအကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့တဲ့အတွက် တိုင်ကြားမှုတွေရှိခဲ့ပါတယ်။
ဒီတိုင်ကြားမှုတွေကို စိစစ်ရာမှာ နောက်ဆုံးတွေ့ရှိချက်အရ အိမ်ထောင်စုပေါင်း (၂)သန်းကျော်အတွက် ထောက်ပံ့ကြေးငွေ (၅၆)ဘီလီယံကျော်ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမင်းသူ ကသူရဲ့ ကလူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
“ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု ( ၂၀၁၁၀၉၅ ) စုအတွက် ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့် ဗဟိုကော်မတီ က ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင် တော့မှာ ဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်” လို့ ဦးမင်းသူက ပြောပါတယ်။
ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပြုရာမှာ အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊ ပွင့်လင်းမြင်သာတဲ့ထောက်ပံ့မှုမျိုးဖြစ်စေဖို့၊ သက်ဆိုင်ရာ အိမ်ထောင်စုတွေလက်ဝယ်ကို ထောက်ပံ့ငွေတွေ မှန်မှန် ကန်ကန်ရောက်ရှိ စေဖို့နဲ့ ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ် စေဖို့တို့အတွက်
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်နဲ့ စနစ်တကျ လက်ရောက်ပေးအပ် သွားဖို့ အတွက်လည်း ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
COVID-19 ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေး အဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကနေ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
Credit Original Writer
[Unicode]
“ နိုငငြံတောမြှ အိမထြောငစြုပေါငြး (၂)သနြးကွောအြတှကြ ထောကပြံ့ကှေးထပမြံပေးမညြ ”
Credit Original Writer