ပြည်တွင်းသတင်း

သာသနာ့ဝန် တစ်ဖက်နဲ့ မိဘကို ကျေးဇူးဆပ်နေတဲ့ ရဟန်းငယ်

Zawgyi

လူတိုင်းမှာ မိဘဆိုတာရှိကြပါတယ် တစ်ချို့ကကျေးဇူးပြန်ဆပ်ခွင့်မရပေမဲ့ အများစုကတော့ အဲဒီအခွင့်အလမ်းကိုရပါတယ် ဒါပေမဲ့ မိဘကိုကျေးဇူးပြန်ဆပ်ဖြစ်တဲ့သူက ဘယ်လောက် ရာခိုင်နှုန်းရှိမလဲဆိုတာတော့ မေးခွန်းထုတ်ဖွယ်ရာပါပဲ။

ရဟန်းငယ်လေးရေးထားတဲ့ စာတိုလေးကို ဖတ်ကြည့်ပါ အော်… အိုမင်းခြင်းသို့ရောက်ရှိလာပြီးဖြစ်တဲ့ အမေလဲ ကိုယ့်သားကိုယ့်သမီးလေးတွေရဲ့အနီးအနားမှာမှိခိုချင်မှာပဲလေ။

နားလည်းပါတယ် အမေရယ်…အမေရင်ထဲကဆန္ဒတွေကို သားသိလိုက်ပါပြီအမေက အိုမင်းလာပေမယ့်သားရင်ထဲ စိတ်ထဲမှာတော့ အမေက ကလေးလေးတယောက်လိုပါပဲ။

“စုန်ရေသာရှိ-ဆန်ရေမရှိ” လို့ ပြောစမှတ်ရှိနေပေမယ့်လဲအမေတို့က စုန် ခဲ့ပြီးပါပြီသားတို့အလှည့်ပေါ့-ဆန် စေရပါမယ်။အားမငယ်စိတ်တွေ မမွေးနဲ့-အမေသာ အသက်ရှည်ရှည်နေပေးပါနော်

အထက်ဖော်ပြပါ စာတိုလေးကတော့ ပုံမှာပါတဲ့ ရဟန်းငယ်လေးက ကိုယ်တိုင်ရေးတင်ခဲ့တာဖြစ်ပါတယ် သာသနာ့ဝန်ကိုတစ်ဘက်ကထမ်းရင်း မိဘကျေးဇူးဆပ်နေတဲ့ ရဟန်းငယ်ရဲ့လုပ်ရပ်ကို သာဓုခေါ်သွားပေးပါနော် ။

Credit –