ပြည်တွင်းသတင်း

ပိုက်ဆံလည်း လုံးဝမကိုင် နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ

Zawgyi ဖြင့်ဖတ်ရန်

ပိုက်ဆံလည်း လုံးဝမကိုင် နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ

ဝိနည်းနဲ့အညီနေထိုင်တဲ့ဘုန်းကြီးကိုမှ ကြည်ညိုပါတယ်။ဝိနည်းနဲ့ညီမှသာလှူချင်ပါတယ်”-လို့ဖေ့ဘုတ်တစ်လွှားမှာ မကြာခဏပြောဆိုတတ်သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ တစ်ပါးက အီတလီ-ပါ။ ၅-ဝါလောက် ရသွားပါပြီ။ဘုန်းဘုန်းက ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။

ဥပဇ္ဈာယ်ဆရာ-ဆိုတာ ရဟန်းတစ်ပါးရဲ့ ဖခင်-လိုပါပဲ။နောက်တစ်ပါးက ရုရှားနိုင်ငံသားပါ။နောက်တစ်ပါးက ဂျာမနီနိုင်ငံသား ဖြစ်ပါတယ်။နောက်တစ်ပါးကတော့ ဓမ္မဂုဏ်ရောင်မဟာစည်-ကကိုရင်ဗလကြီးပါ။သူကတော့ နိုင်ငံခြားသားဘုန်းကြီး မမြင်ဖူးတော့ ဦးတွေခဏခဏကုန်းချနေလေရဲ့။

ဒီဝါတွင်းကာလဘုန်းဘုန်းရဲ့ကျောင်းမှာ ဝါဆိုဝါကပ်ပြီး တရားဘာဝနာစီးဖြန်းအားထုတ်ဖို့ဒီကနေ့ လာရောက်လျှောက်ထားခွင့်တောင်းကြပါတယ်။ပိုက်ဆံ လုံးဝ မကိုင်ကြပါဘူး။ငွေလည်း မကိုင်ကြပါဘူး။စာအိတ်နဲ့လှူလည်း အလှူမခံကြပါဘူး။နဝကမ္မလှူလည်း လက်မခံကြပါဘူး။

ရဟန်းနဲ့ အပ်စပ်တဲ့ အသုံးအဆောင်ကိုသာ သုံးကြပါတယ်။ဆွမ်းခဲဖွယ်ဘောဇဉ်များကိုအပ်စပ်အောင်ပြုလုပ်၍လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။သူတို့က ဖြစ်နိုင်ရင် ဒီကနေ့ပဲ ဘုန်းဘုန်းကျောင်းကိုပြောင်းလာချင်နေကြပါပြီ-တဲ့။

ဒို့ကျောင်းမှာကနေ့တိုင်း ပဲပြုပ်နဲ့ ဟင်းပေါင်းစားနိုင်ပါ့မလား-လို့တော့ပြောလိုက်ပါတယ်။အဆင်သင့် မဖြစ်သေးလို့ ၂၉-ရက်နေ့မှ ပြောင်းရွှေ့လာကြဖို့မှာကြားလိုက်ပါတယ်။ခက်တာက သူတို့အတွက် သီးသန့် ကုဋီကအခုမှ ကြွေပြားကပ်နေတုန်းပါ။

Unicode

ပိုက်ဆံလည်း လုံးဝမကိုင် နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ

ဝိနည်းနဲ့အညီနေထိုင်တဲ့ဘုန်းကြီးကိုမှ ကြည်ညိုပါတယ်။ဝိနည်းနဲ့ညီမှသာလှူချင်ပါတယ်”-လို့ဖေ့ဘုတ်တစ်လွှားမှာ မကြာခဏပြောဆိုတတ်သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

တစ်ပါးက အီတလီ-ပါ။ ၅-ဝါလောက် ရသွားပါပြီ။ဘုန်းဘုန်းက ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။