နိုင္ငံတကာသတင္း

62ထပ်တိုက်မြင့်ပေါ်ကနေ ပြုတ်ကျပြီးနောက် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ rooftopper တစ်ဦး

တ႐ုတ္ႏိုင္ငံရွိ Wu Yongning အမည္ရွိအမ်ိဳးသားတစ္ဦး ဟာ လုံၿခဳံစိတ္ခ်ရတဲ့ပစၥည္းကိရိယာမ်ားမပါဘဲ မိုးေမွ်ာ္တိုက္ႀကီးမ်ားေပၚကို တြယ္တက္ေလ့ရွိတာေၾကာင့္ မိုက္ရႉးရဲဆန္တဲ့ တ႐ုတ္ rooftopper လို႔ တ႐ုတ္ social media ပလက္ေဖာင္း (Weibo) ရွိ ေထာင္ေပါင္းမ်ားစြာေသာ သူ႔ရဲ႕ပရိတ္သတ္မ်ားအၾကား ေက်ာ္ၾကားပါတယ္။Wu Yongning ဟာ Changsa ရွိ ၆၂ ထပ္အေဆာက္အအုံမွ သူ႔ရဲ႕မိုက္ရႉးရဲဆန္တဲ့စတန႔္ကို ႐ိုက္ကူးေနစဥ္ ေအာက္ကအိမ္ေခါင္မိုးတစ္ခုေပၚသို႔ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့ရပါတယ္။Wu က ႏို၀င္ဘာလ ၈ ရက္ေန႔မွာ ျပဳတ္က်ၿပီးေသဆုံးသြားခဲ့ေပမဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးက တ႐ုတ္ social media ေပၚမွာ Wu ေသဆုံးသြားၿပီလို႔အတည္ျပဳလိုက္တဲ့အခ်ိန္အထိ ဘယ္သူကမွ Wu ေသဆုံးခဲ့တာကို မသိရွိခဲ့ၾကပါဘူး။

Wu ဟာ တစ္စုံတစ္ေယာက္က စိန္ေခၚခဲ့တဲ့ 100 K RMB ႏွင့္အတူ တိုက္ေခါင္မိုးအျပင္ဘက္ကုတ္တက္ျခင္း မွာပါ၀င္ခဲ့ေၾကာင္း BBC သတင္းကေျပာၾကားခဲ့ပါတယ္။Wu ဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးအား လက္ထပ္ခြင့္ေတာင္းရန္ စီစဥ္ေနခဲ့ၿပီး သူရဲ႕မဂၤလာေဆာင္အတြက္ ႏွင့္ ဖ်ားနာေနတဲ့ မိခင္ျဖစ္သူရဲ႕ေဆးကုသမႈအတြက္ ေငြလိုအပ္တာေၾကာင့္ ၎ကို ျပဳလုပ္ခဲ့ေၾကာင္း South China Morning Post မွ ကိုးကားေဖာ္ျပခဲ့ပါတယ္။

Wu ဟာ တ႐ုတ္ႏိုင္ငံရွိ အေဆာက္အအုံမ်ားေပၚမွာ စြန႔္စားခဲ့တဲ့ သူ႔ရဲ႕ ဗီဒီယို ၃၀၀ နီးပါးကို မွ်ေဝခဲ့ပါတယ္။လူသိရွင္ၾကားျဖစ္သြားေစဖို႔ ေခါင္မိုးအျပင္ဘက္မ်က္ႏွာျပင္မွာစတန႔္ထြင္ျခင္းက အလြန္အစြမ္းထက္တဲ့နည္းလမ္းတစ္ခုျဖစ္ေပမဲ့လည္း ႀကိဳးစားၾကည့္ဖို႔ကို အႀကံမေပးခ်င္ပါဘူး။အကယ္လို႔ သင့္ရဲ႕စိတ္က အျပင္းအထန္ေတာင္းဆိုေနခဲ့ရင္ေတာ့ သင့္ရဲ႕လုံၿခဳံေရးအတြက္ အကူပစၥည္းကိရိယာေတြကို သင္ႏွင့္အတူ ေဆာင္သြားသင့္ပါတယ္။

1

2

Mia (Mckzone Daily)

Source : everydayonsales

Unicode

တရုတ်နိုင်ငံရှိ Wu Yongning အမည်ရှိအမျိုးသားတစ်ဦး ဟာ လုံခြုံစိတ်ချရတဲ့ပစ္စည်းကိရိယာများမပါဘဲ မိုးမျှော်တိုက်ကြီးများပေါ်ကို တွယ်တက်လေ့ရှိတာကြောင့် မိုက်ရှူးရဲဆန်တဲ့ တရုတ် rooftopper လို့ တရုတ် social media ပလက်ဖောင်း (Weibo) ရှိ ထောင်ပေါင်းများစွာသော သူ့ရဲ့ပရိတ်သတ်များအကြား ကျော်ကြားပါတယ်။Wu Yongning ဟာ Changsa ရှိ ၆၂ ထပ်အဆောက်အအုံမှ သူ့ရဲ့မိုက်ရှူးရဲဆန်တဲ့စတန့်ကို ရိုက်ကူးနေစဉ် အောက်ကအိမ်ခေါင်မိုးတစ်ခုပေါ်သို့ပြုတ်ကျပြီး သေဆုံးသွားခဲ့ရပါတယ်။

Wu ဟာ တစ်စုံတစ်ယောက်က စိန်ခေါ်ခဲ့တဲ့ 100 K RMB နှင့်အတူ တိုက်ခေါင်မိုးအပြင်ဘက်ကုတ်တက်ခြင်း မှာပါ၀င်ခဲ့ကြောင်း BBC သတင်းကပြောကြားခဲ့ပါတယ်။Wu ဟာ သူ့ရဲ့ချစ်သူကောင်မလေးအား လက်ထပ်ခွင့်တောင်းရန် စီစဉ်နေခဲ့ပြီး သူရဲ့မင်္ဂလာဆောင်အတွက် နှင့် ဖျားနာနေတဲ့ မိခင်ဖြစ်သူရဲ့ဆေးကုသမှုအတွက် ငွေလိုအပ်တာကြောင့် ၎င်းကို ပြုလုပ်ခဲ့ကြောင်း South China Morning Post မှ ကိုးကားဖော်ပြခဲ့ပါတယ်။

Wu ဟာ တရုတ်နိုင်ငံရှိ အဆောက်အအုံများပေါ်မှာ စွန့်စားခဲ့တဲ့ သူ့ရဲ့ ဗီဒီယို ၃၀၀ နီးပါးကို မျှဝေခဲ့ပါတယ်။လူသိရှင်ကြားဖြစ်သွားစေဖို့ ခေါင်မိုးအပြင်ဘက်မျက်နှာပြင်မှာစတန့်ထွင်ခြင်းက အလွန်အစွမ်းထက်တဲ့နည်းလမ်းတစ်ခုဖြစ်ပေမဲ့လည်း ကြိုးစားကြည့်ဖို့ကို အကြံမပေးချင်ပါဘူး။အကယ်လို့ သင့်ရဲ့စိတ်က အပြင်းအထန်တောင်းဆိုနေခဲ့ရင်တော့ သင့်ရဲ့လုံခြုံရေးအတွက် အကူပစ္စည်းကိရိယာတွေကို သင်နှင့်အတူ ဆောင်သွားသင့်ပါတယ်။

Mia (Mckzone Daily)